ကျေးဇူးပြုပြီးဒါလေးဖတ်ပေးကြပါနော်

8K 501 46
                                    

♨️Please ဖတ်ပေးကြပါရန်♨️

နန်းစမ်းခမ်းရဲ့ အရှင်သခင် စော်ဘွားကြီး စဝ်နော်ဖနဲ့ မဟာဒေဝီ နန်းဝိုးစံ တို့လက်ဆက်ပြီး......

စဝ်ဟုံဖ စဝ်ကိုကိုသက် စဝ်ညီညီခမ်း နဲ့ နန်းနုယဉ်ချောဆိုတဲ့  သားတော် သမီးတော် လေးဦး ဖွားမြင်ခဲ့ပါတယ်....

စဝ်ဟုံဖက နန်းဆောင်ဖောင်းနဲ့ လက်ဆက်ကာ သားတော် စဝ်မောင်မောင်ဖိတ်ကို ဖွားမြင်ခဲ့ပါတယ်.....

စဝ်မောင်ဖိတ်က နန်းလောဝ်ရွက်နဲ့ ထိမ်းမြားပြီးနောက် နန်းခင်ခင်ကြီးနဲ့
စိုင်းလောင်ဖိတ် ဟူသည့် သားသမီး နှစ်ဦးထွန်းကားခဲ့ပါတယ်......

ငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့သူ သမီးတော်
နန်းခင်ခင်ကြီးဟာ ယခုဘဝမှာ ဒေါ်နန်းသခင်ပြည့်စုံ ဖြစ်လာခဲ့ပြီး အဖိုးတော်စပ်သူ စဝ်ကိုကိုသက်ခေါ်
သက်ဦးသခင်နဲ့ သားအမိများအဖြစ် ပြန်လည်
ဆုံဆည်းကြတာ ဖြစ်ပါတယ် ......

အတူတကွ ပြုခဲ့ဖူးသော ကောင်းမှု
ကုသိုလ်တို့ကြောင့် သက်ဦးသခင်ဟာ  မဟာဒေဝီ နန်းယဉ်ယဉ်ကျေးနဲ့ သားသမီးလေးဦးကို မိသားစုအဖြစ် ထပ်မံ ပိုင်ဆိုင်ခွင့် ရရှိသူ ဖြစ်ပါတယ်.......

အနှစ်ချုပ်ပြောရရင်တော့ 
သက်ဦးသခင်က စဝ်ကိုကိုသက် ဝင်စားတာဖြစ်ပြီး
  စိုင်းဟန်ခမ်းဖိတ်က စဝ်ညီညီခမ်း ပြန်လည်ဝင်စားတာပါ....

အခုဟန်ခမ်းနဲ့ မူးခိုတို့ရဲ့ သားလေးက စော်ဘွားကြီး စဝ်ဟုံဖ ဝင်စားတာပါရှင့်....

ဗုဒ္ဓဘာသာ အယူအရဆိုရင် လူဝင်စားတွေဟာ ကိုယ်ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း
နိမိတ်တွေပြပြီး ပြောနိုင်ပေမယ့် မပြောနိုင်သူ မမှတ်မိသူများလည်း ရှိကြပါတယ်....

ကိုသက်  ဟန်ခမ်းနဲ့ နန်းယဉ်တို့  စုံတွဲတွေကတော့  မမှတ်မိခဲ့ကြရှာပါဘူး...

အခု စိုင်းဟန်ခမ်းဖိတ်ရဲ့သား   သား........ဟာ  အနွယ်တော်တွေထဲမှာ စိတ်ခွန်အား ပြင်းထန်ပြီး  level ပိုမြင့်လေတော့ နမိတ်တွေ နဲ့မွေးဖွားဖို့ ဖြစ်လာခဲ့ပါတယ်....

ဦးလောင်ဖိတ်က အိမ်မက်တွေ မက်လာခဲ့ပြီးနောက်ပိုင်း တော်စပ်ခဲ့ပုံတွေကို မှတ်မိသိရှိသွားခဲ့ခြင်း ဖြစ်ပါတယ်.....

🌟Soulmate🌟[Season(2)]Nơi câu chuyện tồn tại. Hãy khám phá bây giờ