Part_67

14.1K 675 21
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 67

"ကိုကြီးးး'''

''ဒုတ်'''

"အားးး''

'''ခလွမ်းးးး လွမ်းးးချွင်''

''ဟာ ကလေး'''

'''ကလေးလေး''

အဖြစ်အပျက်က ရုတ်တရက် မြန်ဆန်လွန်းနေတာမို့ ဘယ်လို ဖြစ်သွားမှန်းတောင်  သက်ဦးသခင် မသိလိုက်တော့...

အပေါ်လေးလွှာက ပြုတ်ကျလာတဲ့ မှန်ချပ်ကြီးက အထွန်းလေးရဲ့ လည်ဂုတ်နဲ့ ခေါင်းကို ထိခိုက်မိ သွားတာကြောင့်  အထွန်း ရဲ့ ခေါင်းနဲ့ မျက်နှာမှာ သွေးတွေက မြင်လို့မကောင်းအောင် ရွှဲနစ်နေလေသည်.....

"ကလေးလေး''

'''ကလေး'''

အထွန်းကိုယ်လေးကို သူအမြန် ဆွဲပွေ့လိုက်ပြီး လှုပ်နိုးနေပေမယ့်  တစ်ကိုယ်လုံး ငြိမ်သက်နေကာ  မျက်ခွံလေးတွေကလည်း ပိတ်လျက်သား....

"အာ ကွာ''

''အထွန်း အထွန်းလေး ကိုကြီး လန့်အောင် မလုပ်နဲ့လေကွာ '''

'''အထွန်းလေး"

''ကလေးလေး'''

'''အင်းးးကျွတ် ကျွတ် ကျွတ်'''

'''ကိုကြီး''''

'''ဟာ ကလေး  ကလေးလေး သတိရလာပြီလား သတိထားနော် ကို  ကိုကြီးက အခုချက်ချင်း ဆေးရုံကို ခေါ်သွားမှာ ခဏလေး ခဏလေး တင်းထား နော်'''

သူပွေ့ချီလိုက်တော့  စွေ့ခနဲပါလာတဲ့
ကိုယ်သေးသေးလေးက ခေါင်းလေးလှည့်ကာ သူ့ကို သေချာအောင် လိုက်ကြည့်နေရှာပြီး  ဘာဒဏ်ရာမှ မတွေ့တော့မှ စိတ်အေးသွားပုံနဲ့  သက်ပြင်းလေး ချပြီး ပြုံးပြလာလေသည်.....

"အဟင်း  တော်သေးတယ် ကိုကြီးကို  မထိဘူး''

'''ဟာ အချစ်ရယ် ကိုကြီးကို ထိရမှာ ကိုကြီးဖြစ်ရမှာလေကွာ"

''ကို  ကြီး  မ ငို နဲ့  လေ  ဟန်ထွန်း  ဟန်....   ထွန်းက အဆင်  .... ပြေ'''

"တော်ပါတော့ ကလေးရယ်  စကား မပြောနဲ့တော့နော် ''

''ဖဒို  မြန်မြန်မောင်း'''

''ဟုတ်  ဟုတ်ကဲ့ သူဌေး'''

အသံကြားကတည်းက ပြေးလာတဲ့ ဖဒိုက ကားစက်နှိုးကာ တံခါးပါ အဆင်သင့် ဖွင့်ထားပေးပြီးသားမို့  သူတို့ ကားပေါ်ရောက်တာနဲ့ ချက်ချင်း မောင်းထွက်လာကာ မေမေတို့ ပြေးထွက်လာတာကို ဘက်မှန်ကနေသာ မြင်လိုက်ရတော့သည်.....

🌟Soulmate🌟[Season(2)]Where stories live. Discover now