Part _15

10.6K 594 21
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 15

"ဟင် ..အစ်ကို့"

"မူးခို"

ဧည့်ခန်းမှာထိုင်နေသော အစ်ကို့ကို မူးခို ကြောင်ပြီးကြည့်နေမိသည်...
အစ်ကိုက ဘယ်လိုဖြစ်ပြီး ကြည်ဖြူအိမ်ရဲ့ဧည့်ခန်းမှာထိုင်နေတာလဲ...ပြီးတော့ အစ်ကို့ဘေးနားကပ်ထိုင်နေသော မိန်းကလေးကဘယ်သူလဲ...

"သမီးမူးခို လာလေ "

"အဲ့ဒါမူးခိုဖောမဟုတ်လား ပီစိုင်း "

"အင်း"

"ပီစိုင်းနဲ့သိတယ်ပေါ့လေ အာ ဟုတ်သား ပီစိုင်း Resortကို reviewပေးထားတာပဲ သူက အပြင်မှာပိုလှတယ်နော် Photogenicဖြစ်တယ်ထင်နေတာ "

မူးခို အန်တီနန်းခင်ဘေးနားကိုဝင်ထိုင်တော့ အစ်ကိုဘေးနားက မိန်းကလေးက အစ်ကို့နားအနားကပ်ကာ ခပ်တိုးတိုးစကားပြောနေလေသည်...
မူးခိုရင်ထဲဘာကိုစိုးရိမ်လို့စိုးရိမ်မှန်းမသိဖြစ်နေလေသည်....

"မူးခိုးနဲ့ သားခမ်းက သိနေတာလား "

"ဟုတ်တယ် အန်တီနန်းခင် အစ်ကိုနဲ့မူးခိုက မိတ်ဆွေတွေ "

"ဆုံမှဆုံတတ်ကြပေရဲ့  သားခမ်းက အန်တီသူငယ်ချင်းရဲ့သားလေ ဘေးက သူ့ညီမလေး
နန်းယဥ်ယဥ်ခမ်းတဲ့ "

"အစ်ကို့ ညီမလေးလား"

မောင်နှမတော်တယ်ဆိုတာသိမှမူးခိုရဲ့မျက်နှာကြီးကပြုံးဖြီးသွားကာ အားကြိုးမာန်တက်နဲ့လက်ညိုးထိုးကာ မေးလိုက်တော့ အစ်ကိုကလည်း မူးခိုကိုပြန်ပြုံးပြလေသည်......မမရွှေစင်မင်္ဂလာဆောင်တုန်းက လာတည်းကသိလိုက်သင့်တာကို မူးခိုကိုက လွဲနေမိတာလေ....

"အင်း "

"ရုပ်လေးတွေဆင်တော့ ထင်တော့ထင်သား အဟီး"

နန်းယဥ်ကို ကြည့်ကာပြောလာတဲ့ မူးခိုဖောရဲ့ပုံလေးက ဘာမာန်မာနမှမရှိပဲဖော်ရွေပျူငှာပုံလေးမို့
နန်းယဥ်လည်းပြန်ပြုံးပြလိုက်လေသည်....

"သမီးနန်းယဥ်က  သြစီကနေ MBAဘွဲ့ရထားတာလေ
လင်းခေးမှာက သူတိုးတက်ရာလမ်းကြောင်းမရှိဘူးဆိုပြီး ရန်ကုန်က The Shin Groupမှာအလုပ်လျှောက်ထားတယ်လေ "

🌟Soulmate🌟[Season(2)]Where stories live. Discover now