Part _39

9.5K 492 9
                                    

Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 39

ကြည်ဖြူမြင့်မြတ်ဟာ သူ့ပါးကို အုပ်ကိုင်ကာ ငိုယိုကာ သူ့ကိုပြောလာလေတော့သည်....

"ကြည်ဖြူတအား ဝမ်းနည်းတာပဲ အဟင့် ဟင့်"

မူးခိုကို မောင့်အမြင်မှာ အရိုင်းသွင်းနေသော ကြည်ဖြူရဲ့လုပ်ရပ်ကို ကြည့်ကာ မူးခိုရင်ထဲကအဆမတန်နာသွားလေသည်..
ဘယ်လိုပဲယောကျာ်းတစ်ယောက်ယောက်ကို သဘောကျပါစေအုံး ဒီလိုမျိုး ကိုယ့်သူငယ်ချင်းကို ကူလီကူမာချောက်ချနိုင်တဲ့ ကြည်ဖြူမြင့်မြတ်ကိုမူးခို ပထမဆုံး  စိတ်ပျက်ရွံရှာမိခြင်းဖြစ်လေသည်....

သူငယ်ချင်းနှစ်ယောက်ဘာပြဿနာတက်ကြလဲမသိတာမို့ ဟန်ခမ်း ဘယ်လိုလုပ်ရမလဲမသိတော့ပဲ သူ့ရှေ့ရပ်နေသော မူးခိုဘေးကို တစ်လမ်းရှေ့တိုးလိုက်တော့.....

"ဟာ မူးခိုလေး''

''ကျစ်''

မူးခိုလေးရဲ့ ဘယ်ဖက်ပါးပြင် နုနုလေးက မြင်ရက်စရာ မရှိအောင် နီရဲ ယောင်ကိုင်းနေကာ သူငယ်ချင်း ဖြစ်သူကို မယုံကြည်နိုင်သလိုမျိုး  ပုံမျိုးနဲ့ တအံတဩလေး ကြည့်နေရှာလေသည်.....

မနေ့က မူးခိုလေးက ကြည်ဖြူမြင့်မြတ် နာမည်ကြားကတည်းက မျက်နှာလေး ပျက်သွားရှာတာ အခုဖြစ်ပျက်နေကြပုံကို ဆက်စပ်ကြည့်ပုံအရ နှစ်ယောက်သား ပြဿနာအဖုအထစ်တခုခုတော့ရှိပုံရတာကို ဟန်ခမ်း အကြမ်းဖျဉ်းတော့ သိလိုက်ပြီဖြစ်သည်....

"မူးခို ကြည့်ပါအုံးကွာ ဒီလောက်ကြီးတောင်  ချက်ချင်း ယောင်ကိုင်းလာတာ"

"မင်းအရင် လုပ်တာမဟုတ်လား ကြည်ဖြူမြင့်မြတ်"

ကြည်ဖြူကြည့်လိုက်တော့ မူးခိုရဲ့ ပါးတစ်ဖက်ဟာ လက်ဝါးရာကြီးကအထင်းသားဖြစ်နေလေသည်...

"မဟုတ်ဘူး ကိုဟန်ခမ်းဟိုလေ....မူးခိုက ကြည်ဖြူကို ပြဿနာအရင်ရှာတာ"

"အဲ့ဒါ လက်ပါစရာလား.....တောက်"

လက်ပါစရာလားကို အံကြီးကြိတ်ကာ ပြောပြီး တောက်ခေါက်သံကြီးက ကျယ်လောင်တာမို့ ကြည်ဖြူလန့်သွားမိတော့သည်....

"ခင်ဗျား ဘယ်လို မိန်းမမျိုးလဲ
ကြည်ဖြူမြင့်မြတ်  ရိုင်းလှချည်လား
ကျွန်တော့ဆိုင်ထဲထိလာပြီး ကျွန်တော့ မိန်းကလေးကို ထိရဲတယ် ဟုတ်လား"

🌟Soulmate🌟[Season(2)]Dove le storie prendono vita. Scoprilo ora