Part _11

10.5K 640 32
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 11

အစ်ကိုက မူးခိုကို အခန်းတစ်ခုထဲခေါ်သွားကာ
ကုတင်ပေါ်တင်လိုက်လေသည်...

"ဘေးတစောင်းလှဲနေနော် ဒီလိုအနေအထားက ပိုသက်သာတယ်"

Nasal_ Cannulaကိုတပ်ပေးလိုက်ကာ သူမလက်ထိပ်ကိုအောက်ဆီဂျင်တိုင်းလိုက်တော့ သိပ်အများကြီးကျနေတာမဟုတ်တာကြောင့် သူသက်ပြင်းမောလေးချလိုက်မိသည်....

နဖူးထက်၌ချွေးစေးလေးတွေပြန်နေကာ ဆံနွယ်ပျော့များက သူမနဖူးထက်ကပ်နေတာမို့...

"ဆံပင်တွေသပ်ပေးမယ်နော်"

သူမက အသာအယာလေးခေါင်းငြိမ့်ပြလေသည်...
ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်တော့ ပြောင်ရှင်းသွားတဲ့ နဖူးလေးထက်က ချွေးတွေကို စားပွဲပေါ်ကတစ်သျူးယူကာ သုတ်လိုက်လေတော့သည်....

5မိနစ်ခြားတစ်ခါသူမကို အောက်ဆီဂျင်တိုင်းလိုက်တော့ ပုံမှန်အောက်ဆီဂျင်Levelကိုရောက်သွားကာသူမပုံစံလေးလည်းလန်းသွားတာမို့...

"Nasal_Cannula ဖယ်လိုက်တော့မယ်နော်"

"ဟုတ် အစ်ကို"

နှာခေါင်းပိုက်ဖြုတ်လိုက်တော့...

"မင်းထနိုင်လား  ကျွန်တော်ထူပေးရမလား"

"ရတယ် အစ်ကို မူးခိုသက်သာသွားပါပြီ"

သူမက သူ့ဘာသာထထိုင်လေသည်...အဆင်သင့်ရှိနေတဲ့ ရေဘူးလေးကို သူမကိုကမ်းပေးလိုက်တော့ သူမက အဖုံးလေးဖွင့်ကာသောက်လိုက်လေသည်....

"အဆင်ပြေရဲ့လား အစ်ကို"

"အင်း မင်းက မိန်းကို အချိန်မှီချလိုက်နိုင်တာပဲလေ ဘာမှအကြီးအကျယ်မဖြစ်ပါဘူး"

"တော်သေးတာပေါ့"

"ဒါပေမယ့် အသက်ကတန်ဖိုးရှိတယ်ကွ မင်းလုပ်ပုံလုပ်နည်းမှားသွားရင် မင်းအသက်အန္တရာယ်ရှိနိုင်တာသိလား"

"မူးခိုခေါင်းထဲ အစ်ကိုနဲ့ကျန်တဲ့သူတွေဘာမှမဖြစ်ဖို့ပဲသိတော့တာ အဲ့အချိန်က"

မူးခိုဖောစကားကြောင့် စိုင်းဟန်ခမ်းဖိတ်တစ်ယောက် ခံစားချက်ကတစ်မျိုးကြီးဖြစ်သွားကာ  ခန္ဓာကိုယ်ကြီးကမတ်သွားလေသည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now