Part _42

10.2K 566 51
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 42

လွန်ခဲ့သောတစ်လခန့်က.....

"တီတီနန်းမသိလို့ တိတိ အီအီးပေါက်ရင်တအားနံတာ  ကာကာနဲ့ညာညာဆို ခေါင်းပါမူးတယ်"

"ဟောတော့"

"ကာကာစုတ် တိတိက အဝေးမှာ သွားပေါက်တာပါနော် မားက လူတွေရှေ့မပေါက်ရဘူးပြောလို့"

"အဝေးမှာသွားပေါက်လည်း ညာညာတို့ဆီအနံ့ရောက်တယ် တိတိရဲ့"

"ဘာမှ မနံ့ဘူး ညာညာစုတ်ပလုတ်"

"နင်တို့ နှစ်ယောက်က အာပုတ်ရေကျတယ်လို့ ပါးကပြောတယ် "

"ဟုတ်ဘူး ဟုတ်ဘူး"

နန်းယဥ်ယဥ်ခမ်းတစ်ယောက် စကားမပြောရတာကြာပြီဖြစ်တဲ့ အမြွှာလေးတွေနဲ့ ပိတ်ရက်မှာခြံထဲတွင်Video  call ပြောနေလေသည်...

ဟန်ထွန်းနဲ့ပါစကားတွေပြောပြီးမှ ဖုန်းကိုပိတ်လိုက်တော့ ဘေးမှာ အန်တီနန်းခင်က လာရပ်လေသည်...

"အခုနက ဖုန်းထဲကကောင်မလေးက  ဟန်ယဥ်ကျေးထွန်းဆိုတာမလား အမွန်အသဲကျော်လေးလေ"

"ဟုတ်တယ် မယ့် အချစ်တော်လေးတွေလေ"

နန်းယဥ်ဟာ ရိုးရိုးသားသားဖြေလိုက်ပေမယ့်
ဒေါ်နန်းခင်ဟာ မျက်နှာကို မဲ့ချလိုက်လေသည်...

" သမီး မယ့်ကိုတော့ အန်တီ ဘယ်လိုမှ လိုက်လို့မမှီဘူး ကလေးအမေကိုများ ချွေးမတော်ချင်ခဲ့ရတယ်လို့"

"မယ့်က ဟန်ထွန်းကို ချစ်လို့ပါ"

"ဘယ်လောက်သံယောဇဥ်ရှိရှိပေါ့ နန်းယဥ်ရယ်
ကိုယ့်သား လူပျိုနုနုထွဋ်ထွဋ်လေးကို   "

"မယ့်နဲ့ဖော့က မိသားစုစိတ်ဓါတ်နဲ့ပါ အဲ့တုန်းက ပီစိုင်းကလည်း ဖခင်မဲ့နေတဲ့ကလေးတွေကို သူပဲ နို့ဘူးတိုက် သေးဝတ်လဲကူထိန်းပေးခဲ့ရတော့ သံယောဇဥ်တွေကမနည်းဘူးလေ နို့မှုန့်တောင် နန်းယဥ်ပို့ပေးခဲ့တာ "

"အို ဘယ်လောက်သံယောဇဥ်ရှိရှိပေါ့"

ဘေးလူတွေကဘယ်လိုပဲမြင်မြင်ဆိုပြီးနန်းယဥ်ထွေထူးရှင်းပြမနေတော့ပါ အခုဆို ဟန်ထွန်းကလည်း သူ့မိသားစုနဲ့သူဖြစ်နေပြီပဲဟာကို....

🌟Soulmate🌟[Season(2)]Where stories live. Discover now