Part _27

9.9K 568 42
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 27

စိုင်းဟန်ခမ်းဖိတ်တစ်ယောက် မူးခိုဆီဖုန်းဆက်မရလို့ လူကဆောက်တည်ရာမရဖြစ်နေလေသည်..

ကြည်ဖြူမြင့်မြတ်အိမ်ကနေ စကားစပြတ်သွားခဲ့ပြီးတည်းက ထိုညတည်းက သူဖုန်းဆက်ခဲ့တာမကိုင်ခဲ့ပါ....
နောက်နေ့ မနက် နေ့လည် ည အကြိမ်ပေါင်းမနည်းဖုန်းဆက်လည်းမကိုင်သလို သူပို့သမျှစာတွေကိုလည်း မဖတ်တာကြောင့် ဟန်ခမ်းတစ်ယောက် စိတ်တွေပူနေပြီဖြစ်သည်...
နေများမကောင်းဘူးလားဆိုပြီး တွေးကြည့်တော့ စိုးရိမ်စိတ်က တဒိန်းဒိန်းမြင့်တက်သွားကာ လက်က ကားသော့ကိုကောက်ကိိုင်ပြီးသားဖြစ်သွားလေသည်.....

မူးခိုရဲ့ အိမ်နား မလှမ်းမကမ်းမှာ ကားရပ်ကာ သူမလေးများ အပြင်ထွက်လာလေမလား သူစောင့်ကြည့်နေခဲ့လေသည်.....
နာရီတွေသာ ကြာလာခဲ့ပေမယ့် ခြံထဲ ကားတစ်စီးသာအဝင်ရှိသွားပြီး ဘယ်သူမှထွက်မလာခဲ့ပါ...
စိတ်တွေက ညို့မှိုင်းနေတာကြောင့် ကိုသက်နဲ့နောင့်ကို အကူအညီတောင်းရမလားတွေးကြည့်တော့ ဒီလိုဟာတွေထိ အကူအညီတောင်းရတာကြီးက အားနာစရာကြီးမို့ ဒီနေ့ အဖို့လက်လျှော့ကာပြန်လာလိုက်ရတော့သည်.....

နောက်နေ့ ဆက်သွယ်ကြည့်တော့လည်း ဖုန်းကအဝင်သာရှိပြီး မကိုင်တာကြောင့် နံပါတ်နောက်တစ်ခုနဲ့ခေါ်လည်းမကိုင်ခဲ့ပါ...

"ကျစ် ...ဘာတွေဖြစ်နေတာလည်းကွာ"

မူးခိုဆီနံပါတ်စိမ်း နဲ့ ဖုန်းဝင်လာတာတွေ့သော်လည်း အစ်ကိုဖြစ်နေမှာစိုးတာကြောင့် ဖုန်းမကိုင်ရဲခဲ့ပါ....

ညနေလောက်ရောက်တော့ မူးခိုရဲ့ လစဥ်သုံးပစ္စည်းလိုအပ်တာကြောင့်  အိမ်ကကောင်မလေးကိုဝယ်ခိုင်းဖို့ဆင်းလာတော့ ကောင်မလေးကို မာမီကအပြင်ခိုင်းလိုက်တယ်ဆိုတာ​မို့ မူးခိုဘာသာဝယ်ဖို့ ထွက်လာလိုက်တော့သည်....

ဟန်ခမ်းတစ်ယောက် မူးခိုတို့ လမ်းထဲ ကားကွေ့ဝင်လာစဥ် Mini martထဲက ထွက်လာတဲ့အရိပ်လေးကြောင့် ရင်ထဲဒိတ်ခနဲ ဆောင့်ခုန်သွားရပြီး ပျော်သွားကာ ကားကိုဘေးချရပ်ခဲ့ပြီး...

"မူးခို "

"မူးခို"

အနောက်ကနေ အစ်ကို့ရဲ့ အသံလေးကိုကြားလိုက်ရတဲ့အချိန် မူးခိုခြေထောက်တွေ စုံရပ်သွားလေတော့သည်....
သို့ပေမယ့် ချက်ချင်း သတိကိုထိန်းကာ  မူးခိုရှေ့ကို ဆက်လျှောက်တော့...

🌟Soulmate🌟[Season(2)]Où les histoires vivent. Découvrez maintenant