Part_60

16K 744 45
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 60

"မူးခို''

''ရှင်'''

''မောင့်ရဲ့မူးခိုလေး'''

''ဟုတ်ကဲ့ ပြောလေမောင်''

'''အဟင်း မောင်ကလေ မောင့်မိန်းမ မျက်နှာလေးကို မြင်နေရရင် ပြောရမယ့်စကားတွေ အကုန် မေ့သွားပြီး အခုလိုလေး မျက်တောင်မခတ်ပဲ ထိုင်ကြည့်နေချင်ရော''

''ဟွန့် အပိုတွေ'''

''ဟာ ဘယ်နေရာက ပိုနေလို့လဲ မိန်းမရဲ့
မူးခိုနော် မောင် အလုပ်တွေ ပစ်ထားပြီး အခု ပြန်လာခဲ့လိုက်ရမလား"

''အမလေး မလုပ်ပါနဲ့ မောင်ရယ် မူးခိုက စတဲ့ဟာကို တော်ကြာ မပြီးပဲ ပိုကြန့်ကြာနေရင် မောင်ထပ်သွားနေရမှာပေါ့''

'''အဲဒါကြောင့်သာ မောင်က ကြိတ်မှိတ်ပြီး တော့ သည်းခံနေတာပေါ့  အချစ်ရဲ့
မဟုတ်လို့ကတော့ ချက်ချင်း ထပြန်ပြီးသားပဲ'''

'''အဟင်းဟင်း '''

'''မူးခို မရီနဲ့နော် မောင် စိတ်ကောက်ပစ်လိုက်မယ် ''

''ဟောတော်  ''

''မောင်တကယ်ကို လွမ်းနေတာ မိန်းမရဲ့ မောင်တို့ လျှောက်လည်ထားတာကလည်း နေရာအနှံ့ဆိုတော့ အဲဒီနေရာလေးတွေရောက်ရင် မောင်က နေလို့ကို မရဘူး ....ဟိုတစ်ရက်က   ကျိုင်းတုံကို ရောက်တော့ မူးခိုနဲ့ အတူတူ သွားလည်ခဲ့တာတွေက ဒီရင်ဘတ်ကြီးကို ဒုက္ခပေးတာ အရမ်းပဲ "

'''ဒီနေ့က  ကျောက္ကခြားမှာလေ မနေ့က ဟိုပုံးမှာ ညအိပ်တော့ မောင်တစ်ရေးမှကို အိပ်လို့ မပျော်ဘူး''

'''ဟင် ဘာဖြစ်လို့'''

''ဘာဖြစ်ရမလဲ အချစ်ရယ် မောင့်ကောင်မလေးဆီက အဖြေရတဲဲဲ့နေရာလေးလေ မောင် ဘယ်လိုစိတ်နဲ့ မေ့နိုင်မလဲ '''

''ကျောက္ကခြားက ဟိုပုံးကနေတစ်ဆင့် သွားရတာလေ အလွမ်းပြေဆိုပြီး အိမ်လေးကို ဝင်ကြည့်ကာမှ မောင်ဘယ်လိုမှ ဆက်မသွားနိုင်တော့လို့  ညပါ ဝင်အိပ်လိုက်မိတာ  ပိုဆိုးသွားတယ် "

''မောင်ရယ်'''

မောင်က စကားပြောနေရင်း အသံလေးတွေပါ တုန်လာကာ  မျက်နှာက တော်တော်လေးကို ပျက်နေရှာတာမို့ မူးခို အရမ်းကို သနားသွားရတော့သည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now