Part_45

12.8K 611 29
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 45

"အဟွန်း!! တကယ် အိမ်မက် မဟုတ်ဘူးဗျာ''

''သွား  ဘယ်လောက် သောက်ထားမှန်းကို မသိဘူး အနံ့နဲ့တောင် မူးခိုက မူးချင်နေပြီ''

''အဟဲ မောင်လည်း မူးတယ် ''

'''ခေါင်းတွေ အရမ်း...မူးပြီးတော့ ဒီနားထင်နေရာကနေ စစ်စစ် စစ်စစ် နဲ့ဖြစ်နေအောင် ထိုးပြီးတော့ ကိုက်နေတာ''

''ဘာလို့ အဲလောက်တောင် သောက်ရတာလဲ မောင်ရယ်''

''မူးခိုက မောင့်ကို  break မယ်လို့ ပြောတာကို  အဲဒါကို မောင်မှ မခံစားနိုင်တာ''

"အဲဒီတော့ ပျောက်သွားရောလား''

'''ဟင့်အင်း အချစ်မူး မူးနေရာကနေ အရက်ပါထပ်မူးတော့  ကျွမ်းပါ ပစ်သွားရော'''

''မူးခိုက ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားချင်လို့ ခဏလို့ ပြောတာလေ မောင်ရယ်'''

'''အဲဒီလို ခဏလေးတောင် မောင်က ရပ်ထားလို့မှ မရတော့တာကိုလို့ ရပ်ထားရင်းနဲ့ အတည်ကြီးရပ်မှာလို့ ဖြစ်သွားရင် ဘယ်လို လုပ်မလဲ မောင်ရင်ကွဲမှာပေါ့"

''အား ချွဲလိုက်တာ မောင်ရယ်''

''ချွဲတာ မဟုတ်ရပါဘူး မူးခိုရယ် မောင်ကလေ မူးခိုလေးကို စတွေ့တဲ့ နေ့ကတည်းက  ထူးထူးခြားခြား သတိထားမိပြီးတော့ အမြဲတမ်း သတိရနေလို့ ဒါဟာ အချစ်ဆိုတာ ထင်ပါရဲ့လို့ စပြီးတော့ ခံစားနေရပေမယ့်  မောင် မချစ်ရဲခဲ့ဘူး "

''တွေ့လိုက်တိုင်း မောင်တို့နှစ်ယောက်က
လည်း ဟာသတွေလေ အဟွန်း''

''မောင့်မူးခိုလေးကို မောင်ရူးလောက်အောင် ကို ချစ်တယ်  ဘာအကြောင်းကြောင့်မှ မခွဲနိုင်ဘူး '''

''အိုမင်းသွားတဲ့ အထိ မူးခိုလေးနဲ့ တစ်သက်လုံး မခွဲမခွါ အတူတူ ရှိသွားချင်တယ်ဆိုတာ တကယ် သေချာတော့မှ မောင်က မူးခိုကို ချစ်ခွင့်ပန်ခဲ့တာပါ''

''ဟွန့် ဘယ်မှာ ချစ်ခွင့်ပန်လို့တုန်း လူကို အတင်း''

"ဟုတ်လား မူးခိုလေးကို အတင်းကြီး ဘာလုပ်တာလဲ ပြောပါအုံး''

🌟Soulmate🌟[Season(2)]Where stories live. Discover now