Part_66

12K 671 43
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 66

နန်းယဥ် ဗိုက်လုံးလုံးလေးပေါ်ကို သံလွင်ဆီလိမ်းပေးနေသော ကိုကို့လက်တွေကို နန်းယဥ်တွန်းဖယ်လိုက်လေသည်...

"ဘာလို့လဲ ယဥ်ယဥ်"

"ကိုကိုညောင်းနေမှာပေါ့ တော်ပြီလေ ဒီလောက်ဆိုရပီ"

"အကြောပြတ်ရာတွေဖြစ်မှာစိုးလို့ ကိုကိုကသေချာ စိမ့်ဝင်အောင်လိမ်းပေးနေတာ"

"ကိုကိုလိမ်းပေးတာ ဟိုးဗိုက်ချပ်ချပ်လေးထဲကလေ အခုတောင် သမီးလေးမွေးဖို့က Due dateပြည့်တော့မယ်  ဒီလောက်လိမ်းခဲ့ရင် ရလောက်မှာပါ ဘာလဲ ကိုကိုက နန်းယဥ် ဗိုက်ကြောပြတ်ရာတွေနဲ့ဆို မချစ်တော့ဘူးလား"

ကိုကိုသည်နန်းယဥ်ပြောတာကို တစ်ချက်ရီလိုက်ပြီး နန်းယဥ်ရဲ့ဗိုက်လေးကို သူ့နှုတ်ခမ်းဖြင့် လိုက်နမ်းပါတော့သည်...

"ကိုယ်ချစ်တာ အခုထိမသိသေးတာလားပြော"

"အဟားးး ခစ်ခစ် ကိုကိုယားတယ် မလုပ်နဲ့ အထဲက သမီးကတစ်မျိုး ကိုကိုကတစ်မျိုး"

"ဘေဘီ  မြန်မြန်ထွက်လာတော့ကွာ ဒယ်ဒီ ချီချင်လှပြီ "

"ကိုကိုပါ ကူထိန်းရမှာနော်"

"ကိုကိုထိန်းချိန်တောင်ရပါ့မလားကွာ  နှစ်ဖက်အဖိုးအဖွားလုနေတာနဲ့ ကိုကိုက ဘေးရောက်နေမှာ"

"သမီးတစ်ယောက်ထဲမှမဟုတ်တာ မူးခိုသားလေးလည်းရှိသေးတယ်လေ "

"ညီမလေး ကိုယ်ဝန်က ၇လပဲရှိသေး လိုသေးတဲ့ဟာကို"

"မူးခိုကလေ ကိုယ်ဝန်ရှိပြီးတစ်မျိုးလေးဖြစ်လာတာနော်  ခွေးနားပဲကပ်နေလို့ ပီစိုင်းက ညစ်နေတာသိလားကိုကို"

"ညီမလေးက အရင်က အဲ့လိုခွေးတွေမချစ်တတ်ပါဘူး   ညီလေးကလည်း ပူဆာတာကို အလိုလိုက်ပြီးဝယ်ပေးတာကိုး ဘာလို့ဝယ်ပေးလဲ "

"မဝယ်ပေးလို့ မရဘူးလေ မူးခိုက သခင်အိမ်တော်က ရွှေဘိုဝိုင်းကို အိမ်ခေါ်သွားမယ်ချည်းလုပ်နေတာ  "

"အခုပီစိုင်းဝယ်ပေးထားတဲ့ရန်မျိုးလုံလေးချစ်ဖို့ကောင်းတယ် ဒါတောင်ရွှေဘိုဝိုင်းအရွယ်မရလို့ မူးခိုက ပြသနာရှာသေးတဲ့ ပီစိုင်းက တမင်လသားအရွယ်လေးဝယ်ပေးတာ အရိုင်းမဖြစ်ပဲသင်ပေးလို့ကောင်းတဲ့အရွယ်ရှာဝယ်ပေးတာတဲ့"

🌟Soulmate🌟[Season(2)]Where stories live. Discover now