Part _21

10.6K 592 22
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 21

"ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်''

စက္ကန့်မလပ်အောင် ခုန်နေတဲ့ မူးခိုရဲ့ ရင်ခုန်သံတွေက အကျယ်ကြီး ဖြစ်နေကာ အစ်ကိုများ ကြားသွားတော့မလားလို့ မူးခို စိုးရိမ်နေမိတော့သည် ....

ရင်ခုန်ရလွန်းပြီး မူးခို တစ်ကိုယ်လုံး ပူထူ ဒူးတွေပါ တုန်နေကာ ခြေထောက်တွေ မြဲအောင်တောင် မနည်းမာန်တင်းပြီး  ရပ်နေရလေသည်  ....

ရှက်လှပါသည် ဆိုကာမှ အရေးထဲ အစ်ကို့ကို မော့ကြည့်နေမိတဲ့ မူးခိုရဲ့ မျက်လုံးတွေက မျက်တောင် တချက်မခတ် အကြည့်ကို  တစ်ချက်ကလေးမှတောင် မရွှေ့နိုင်ပဲ ဖြစ်နေရလေသည်....

ဒီလို အနေအထားက အများအမြင်မှာ မသင့်တော်ဘူးဆိုတာ မူးခို အသိဝင်လာပေမယ့် လူက လှုပ်လို့ကိုမရ အားအပြင်းဆုံး သံလိုက်တုံးကြီးနဲ့ ဆွဲငင် ခံထားရတဲ့သူလိုမျိုး ဖြစ်နေကာ မူးခိုရဲ့ နှုတ်ခမ်းလေး နှစ်လွှာကလည်း အာစေး မိထားတဲ့သူနှယ်....

"ဒုတ်ဒုတ် ဒုတ်ဒုတ်''

''ဒုတ်ဒုတ် ဒုတ်ဒုတ်''

ဟန်ခမ်း ဒီကောင်မလေးနဲ့ ဆုံရတိုင်း တလွဲတွေ ဖြစ်နေကြမို့ မြင်လိုက်တာနဲ့ လန့်နေမိကာ ခပ်ဝေးဝေးမှာ ရှောင်နေရင်းကပဲ သူ့ရင်ထဲကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လမ်းကနေများ ဝင်ရောက်လာသည် မသိ ....

သူ့ရင်ထဲမှာ ရောက်နေတာကို သတိတောင် မထားမိပဲ ရှိနေရာက  အခု သတိထားလိုက်မိတော့ သူမလေးက  ဟိုး နက်နက်ရှိုင်ရှိုင်းထိ နေရာ ဝင်ယူထားပြီး ဖြစ်နေလေပြီ.....

သူမလေးကို သူ့ မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အချိန်တွေမှာဆို လောကကြီးက ပိုပြီးတော့ သာယာလှပနေကာ ဘာလုပ်လုပ် မပင်ပန်းတော့ပဲ ပိုပြီးတော့ အဆင်ပြေ ချော့မွေ့လို့ နေတော့သည်.....

တစ်ခုခု စားတဲ့ အချိန်မှာလည်း သူမလေးနဲ့သာ  အတူတူ စားရရင် ပိုပြီးတော့ အရသာရှိနေကာ သောက်ရတဲ့ ရေကအစ အရမ်းကို ချိုနေသလိုမျိုး....

အခုလည်းမိုးရွာထဲမှာ နှစ်ယောက်အတူတူ ထီးဆောင်းထားရတာကို သူ ပျော်ရွှင်ကြည်နူးရလွန်းကာ  ဒီမိုးရေစက်တွေကို မရပ်တန့်စေချင်....

🌟Soulmate🌟[Season(2)]Where stories live. Discover now