Part _12

10.4K 584 13
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 12

ဝန်ထမ်းကောင်မလေး ပြနေတဲ့ မှန်ကလေးကို ကြည့်လိုက်တဲ့ ဂျူနီယာမိုးစက်က သူမပုံလေးကို မှန်ထဲမှာ မြင်လိုက်ရတော့ လုံးဝကို supriseရသွားတဲ့ ပုံမျိုးနဲ့ ပါးစပ်ကလေးဟသွားပြီး ပါးစပ်ကို သူမလက်ဖဝါးလေးနဲ့ အုပ်ကာလိုက်လေသည် .....

မျက်နှာလေးကို မှန်ထဲမှာ ဘယ်ညာစောင်းငဲ့ ကြည့်နေရင်းက....

"Oh My God!''

"အိုင်ကပဲလှတာလား ယူတို့ဆိုင်က ရတနာတွေကပဲ လှလွန်းနေတာလား "

"အိုင် ဝေခွဲမရတော့ဘူး"

ဂျူနီယာမိုးစက်က ချစ်စဖွယ် အမူအယာလေးနဲ့ သူမလေးတပ်ထားတဲ့ မျက်မှန်လေးကို ကျော်ပြီး ကင်မရာကို တည့်တည့်ကြည့် လက်ညိုးလေး ထိုးလာကာ ...

"ယူတို့ကရော ဘယ်လို မြင်ရလဲ အိုင်က အခု အရမ်း အရမ်း အရမ်း......ကို ပိုလှသွားတာ မဟုတ်ဘူးလား ဟုတ်တယ်နော် ""

""ယူတို့လည်း အိုင့်လို  လှချင်နေပြီဟုတ် ""

""ဒါဆို လာလေ 1910 SN jewelry
မြန်မြန်လေးသာ ပြေးလာခဲ့လိုက်တော့  နော်  နော်""

"SN မှာက ခတ်ပြီးသား အထည်တွေအပြင် တခြားဘာတွေ ရသေးတာတုန်း"

ဂျူနီလေးက  ဝန်ထမ်းကလေးမကို လှည့်ပြီးမေးလိုက်ရင်း မူးခိုဖော လက်ကလေးကို မသိမသာလေး ဆိတ်လိုက်လေသည်...

"ဟုတ်ကဲ့ ဒီ SN Jewelry မှာကလေ
ရွှေထည် ကျောက်ထည်တွေ အပြင် ပတ္တမြား နီလာ ကျောက်စိမ်း စတဲ့ တွင်းထွက်ရတနာ မျိုးစုံကို အရွယ်အစား အရည်အသွေး အမျိုးမျိုး စိတ်တိုင်းကျ ရွေးချယ် ဝယ်ယူနိုင်ပါတယ်ရှင့် "

"အထည်ခတ်ပြီးသား မဝယ်ချင်လို့  အတုံးလေးတွေပဲ ဝယ်စုထားချင်တဲ့ သူတွေအတွက်လည်း တစ်ရာရာခိုင်နှုန်း သန့်စင်ပြီးသား အခေါက်ရွှေ အတုံးလေးတွေကိုလည်း ယုံကြည်စိတ်ချစွာ လာရောက် အားပေးနိုင်တဲ့ အကြောင်းလေး ပြောရင်း မူးခိုက နှုတ်ဆက်လိုက်ပါတယ်"

"မူးခိုရဲ့ အကြိုက် မူးခိုရဲ့ Choice "

"ဂျူနီရဲ့အကြိုက် ဂျူးနီရဲ့ Choice "

🌟Soulmate🌟[Season(2)]Where stories live. Discover now