Part_28

10.5K 642 76
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 28

မူးခို မာမီဆီခရီးထွက်ဖို့ ခွင့်ပြုချက်တောင်းနေတုန်းဒယ်ဒီရောက်လာခဲ့လေသည်...

"ဒယ်ဒီ"

"အင်း ဒယ်ဒီလည်းကြားတယ်သမီး ဒယ်ဒီဘက်ကဖြစ်စေချင်တာတွေကို သမီးကိုပြောပြခဲ့ပြီးပြီ လိုက်နာတာ မလိုက်နာတာက သမီးတို့အလုပ် အခုလည်း သမီးက လုပ်ချင်တာကို မိဘကို တိုင်ပင်တယ်ဆိုတော့ ဒယ်ဒီဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာကိုလုပ်ပြီးခွင့်ပြုပေးရမှာပေါ့ ဒါပေမယ့် ဒယ်ဒီပြောတာလိုက်နာမှ သမီး ခရီးထွက်ရမယ်"

"ဘာများလဲ ဒယ်ဒီ"

"သမီးက ရှမ်းပြည်ဘက်ခရီးထွက်ချင်တယ်ဆိုတော့ မိုးနဲဘက်မှာ ဒယ်ဒီရဲ့  same batch
ဒေါ်မေသူအောင်ဆိုတာ ရှိတယ် သူရော သူ့ညီမရောက  အပျိုကြီးတွေ ဒယ်ဒီမိတ်ဆွေရင်းတွေမို့ သမီးအဲ့ဒီမှာတည်းမယ်ဆို ခရီးထွက်ဖို့ခွင့်ပြုတယ် ဟိုတယ်မှာ တည်းမယ်ဆိုရင်တော့ မသွားတာအကောင်းဆုံးပဲ "

"မူးခို ကခရီးထွက်ချင်တာပါဒယ်ဒီ ....ဒယ်ဒီပြောတာကို မူးခိုလက်ခံပါ့မယ်"
_
_
_
"ဟန်ခမ်း''

''ဟန်ခမ်း''

''ဗျာ ကိုသက်''

''မင်းနဲ့ မူးခိုဖော အခြေအနေ ဘယ်လိုလဲ မင်းတို့ အဆင်ပြေရဲ့လား'''

.............

'''ဟ ဒီကောင်လေး ဖြေလေကွာ မင်းပြောမှ ငါက ဘာလုပ်ပေးနိုင်မလဲ သိမှာပေါ့ကွ'''

"ကျွန်တော်ဘယ်လိုလုပ်ရမလဲကိုသက်ရာ"

"ဟန်ခမ်း လာ ဒီမှာထိုင် သေချာ ပြောပြ မင်းတို့ဘာတွေ ဖြစ်နေလဲ ငါ့ကို အကုန်ပြော''

''ကိုသက် ကျွန်တော်   ကျွန်တော်တို့''

ဟန်ခမ်းက​ပြောနေရင်း  အသံထွက်မလာတော့ပဲ ခေါင်းငိုက်စိုက်ချကာ မျက်နှာကို လက်ဖဝါး နှစ်ဖက်ထဲကို မှောက်ချ ထားရှာလေသည်....

သက်ဦးသခင် ရင်ထဲမှာ နင့်သွားရပြီး  ဟန်ခမ်း ပုခုံးနှစ်ဖက်ကို  ပုတ်ကာ နှစ်သိမ့်ပေးနေမိသည်....

"ကျစ်... ငါ့ညီရာ"

ဒီခံစားချက်ကြီးကို သူသိပ်သိတာပေါ့
ကိုယ့်တုံးကလည်း အထွန်းလေး အိမ်မလာပဲ ပျောက်နေတဲ့ ရက်တွေတုံးကဆို အိမ်မြှောင် အမြှီးပြတ်သလို ထွန့်ထွန့်လူးနေအောင်ကို ခံစားခဲ့ရတာ
မဟုတ်လား.....

🌟Soulmate🌟[Season(2)]Where stories live. Discover now