Part _20

11.3K 608 52
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 20

"မစပါနဲ့ ကြည်ဖြူရဲ့....သောက်လေ မူးခို ကြိုက်ရင်
နောက်တစ်ခွက် ကျွန်တော်ထပ်မှာပေးမယ်"

ရုပ်လေးက စူပုတ်ပုတ်နဲ့ ဖာလူဒါကို ဆက်မစားတာမို့ သူသတိပေးလိုက်တော့...

"တစ်ခွက်စားရင်လုံလောက်ပါတယ်နော် လူကို အစားပုတ်များထင်နေတာလား"

သူ့ကို ဂျိုကြည့်ကြည့်ကာ ပြောလာပုံလေးကိုကအစ သူ့မျက်လုံးထဲ သဘောကျစရာဖြစ်နေတာမို့ သူပြုံးလိုက်လေသည်...

"အစားတစ်ခုကို ကောင်းကောင်းစားနိုင်တာဘာဖြစ်လဲ ကျွန်တော်ကတော့ သဘောကျပါတယ်နော်"

"အစ်ကိုနော်"

"ဟာ့ ကျွန်တော်ကမနောက်ဘူး တကယ်ပြောတာ"

တကယ်ပြောတာဆိုပြီးပြုံးနေတာမို့ မူးခို မျက်စောင်းခဲလိုက်တော့ အစ်ကိုက ထပ်ပြီးပြုံးနေပြန်လေသည်...

မူးခိုနဲ့ ကိုဟန်ခမ်းရဲ့ ရင်းနှီးလွန်းနေတဲ့ပုံစံကိုကြည့်ကာ ကြည်ဖြူအံ့သြရလေသည်...

မူးခိုရော ကြည်ဖြူရောက ရန်ကင်းထဲမှာနေကြတာမို့ ကိုဟန်ခမ်းအတွက်လိုက်ပို့ရတာအဆင်ပြေလေသည်...

ဦးချစ်မောင်ထိပ်က စတိုးဆိုင်တစ်ခုအရှေ့ရောက်တော့ အစ်ကိုကကားကို ဘေးနားချရပ်လိုက်လေသည်....

"ကျွန်တော် ပစ္စည်းလေးတစ်ခုဝယ်စရာရှိလို့မကြာဘူးနော် ခဏလေးပဲ"

"ကြည်ဖြူလည်းဝယ်စရာရှိတယ် ကိုဟန်ခမ်း ကြည်ဖြူလည်း လိုက်မယ်"

"လာလေ ရတယ် ...မူးခိုရော ဆင်းပါအုံးလား"

"မဆင်းတော့ဘူး အစ်ကို မူးခို ဒီကပဲစောင့်နေမယ်"

ခဏဆိုတဲ့နှစ်ယောက်က နာရီဝက်ကြာသွားကာပြန်မထွက်လာတာမို့ မူးခိုစိတ်တိုနေရတော့သည်...

ဟန်ခမ်းလည်း နာရီတကြည့်ကြည့်နဲ့ အပြင်က သူ့ကားကိုသာကြည့်နေမိသည်..
သူကပစ္စည်းဝယ်လို့ပြီးတာတောင် ကြည်ဖြူကဝယ်လို့မပြီးသေးဖြစ်နေကာ သူ့ကိုခဏတောင်စောင့်ခိုင်းထားသေးလေသည်...
ဟန်ခမ်းအပြင်ထွက်လာတော့...

🌟Soulmate🌟[Season(2)]Where stories live. Discover now