Part _51

9.6K 548 30
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 51

"ဗျာ မေမေ"

"ဟုတ်တယ် အမွန်တို့ရန်ကုန်ရောက်နေတယ် မူးခိုဖောကို လာကြောင်းလမ်းတယ် ဆိုတာ အဆင်ပြေမပြေ မေမေသိချင်လို့ ဆက်လိုက်တာ  အမွန်ရယ်လေ ငိုကြီးချက်မနဲ့ "

ဥက္ကာမြင့်မြတ်တစ်ယောက် မေမေစကားကိုကြားကာ နားထဲ မိုးကြိုး ဆယ်စင်းပစ်ချလိုက်သလိုဖြစ်သွားလေသည်....
နန်းယဥ်က ကိုယ်ဝန်ရှိနေတာတဲ့လား....
မင်းသန့်နိုင်ထွဋ်လူယုတ်မာကောင် ငါ့ထက်လက်ဦးသွားပြီ....
အံကိုကြိတ်ကာ လက်သီးကြီးဆုပ်နေတဲ့ သားဖြစ်သူကိုကြည့်ကာ ဒေါ်နန်းခင်ပြောလိုက်လေသည်...

"ဗိုက်ကြီးပြီးသား မိန်းကလေးကိုတော့ ချွေးမ မတော်နိုင်တော့ဘူးနော် သားကြီး မင်းစိတ်ကို ရှင်းရှင်းထားလိုက်တော့ အခုတောင် မူးခိုဖောအကိုက တာဝန်မယူတဲ့ပုံ ရှုပ်နေပြီ သူတို့ဇာတ်က "

တကယ်ဆို ထိုဇာတ်ရှုပ်က သူလုပ်ခဲ့တာဖြစ်လေသည်...ဒီလိုမှန်းသာ ကြိုသိနေရင် သူပိုလုပ်ပြစ်ခဲ့မှာ...ငါမရရင်မင်းသန့်နိုင်ထွဋ်ဆိုတဲ့မင်းလည်းမရစေရဘူး ..
ကိုယ့်အပိုင်လို့သတ်မှတ်ထားပြီးမှ သူများက စားသွားတာကြီးက တကယ်ကိုရင်ခံစရာကောင်းလေသည်...လူများစွာထဲမှာမှ မင်းသန့်နိုင်ထွဋ်နဲ့ဖြစ်စရာလား  သူနဲ့သက်တူရွယ်တူ မင်းသန့်ဟာ ကျောင်းဆိုလည်း သူ့အဖေက ကျောင်းကောင်းမှာထားကာ ကျောင်းတက်ရသည်...
သူတို့ကတော့ အရင်ကမိသားစုက အများကြီးပြေပြေလည်လည်မဟုတ်တော့ ညီမလေးကိုသာကျူရှင်ကောင်းကောင်းကျောင်းကောင်းကောင်းမှာထားရကာ သူကတော့အမြဲအနစ်နာခံရသည်...
မင်းသန့်နိုင်ထွဋ်ဆိုတဲ့ကောင်က သူ့ညီမကိုတခါတလေလာကြိုရင် မာန်ချီနေတဲ့ရုပ်က ပြေးထိုးချင်စရာကောင်းလှသည်...ဆရာဝန်သားဖြစ်တဲ့အပြင် သူတို့အဖေဖက်က မျိုးနဲ့ရိုးနဲ့ချမ်းသာသူတွေမို့ အမြဲကျော့ကော့အောင်နေရလေသည်...
ပညာရေးမှာလည်းသာသလို ကြီးလာတော့လည်း ဒီကောင်က မထင်ထားပဲ Productionကိုထထောင်ကာ အခုဆို ပရိုဂျူဆာမင်းသန့်နိုင်ထွဋ်ဆိုပြီးနာမည်ကြီးဖြစ်ကာ ဒီကောင်Companyက ထွက်သမျှရုပ်ရှင်တိုင်းကလည်း international rollကို မှီတယ်ဆိုပြီးအမြဲမှတ်ချက်ကောင်းကိုရတော့
မင်းသန့်နိုင်ထွဋ်တို့များ မာနကလေပေါ်မှာပဲဖြစ်သည်.....
အရာရာ သာနေသော ဒီကောင်လက်ထဲကို သူသိပ်သဘောကျရတဲ့နန်းယဥ်ကို တော့ သူရရမရရ မထည့်ပေးနိုင်ပါ....

🌟Soulmate🌟[Season(2)]Where stories live. Discover now