Part_71

12.6K 641 40
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 71

'''သျှင်နေစက် ''

'''ဟာ လူကို ဘာလို့ စွတ်အော်နေတာတုံး''

"မင်းက ချီးစားစုန်း မြင်ဖူးလို့လား"

"ကျွန်တော်က ချီးစားစုန်းရုပ်ဆို ရုပ်လိုက်ပေါ့ဗျာ ခင်ဗျား လျှာမရှည်နဲ့ တွေ့ပြီဆိုတော့ ဘာလုပ်မှာလဲ"

"ဟားဟား  မင်းက  ကြံကြံဖန်ဖန်တွေ တော်တော် ပြောတတ်တာပဲ''

ကိုဟန်ခမ်းနဲ့ သူနဲ့ ဟိုတစ်ခေါက်က စိတ်ရှိလက်ထိုးလိုက်ပစ်တဲ့ ကိုဟန်ခမ်း ယောက်ဖက အနောက်ကနေ ပေါ်လာတာမို့ သျှင်နေစက်  မျက်နှာ ပူသွားရသည်.....

"ဟာ ကိုမင်းသန့်ပါလား မူးခိုက အိမ်ထဲမှာ အစ်ကို''

''ရတယ် ညီလေး အစ်ကိုကလည်း မင်းဆီကိုပဲ လာတာပါ "

''ဟုတ်လား ကိစ္စရှိလို့လား ကိုမင်းသန့်''

''အဟင်း ဆိုပါတော့''

ကိုမင်းသန့်က ရှက်ကိုးရှက်ဟန်နဲ့ ဆံပင်တွေကို လက်ငါးချောင်းနဲ့ ထိုးဖွနေလေသည်....

"ကိုယ် နန်းယဉ်ကို  surprise လုပ်ချင်လို့ ပန်းရယ် လက်စွပ်ရယ် ကိတ်ရယ်  လာမှာတာ ကိုယ်တို့ စတွေ့တာ နှစ်နှစ်ပြည့်တဲ့ anniversary လေး လုပ်ပေးချင်လို့လေ''

''ဟင်''

''ဪ''

ဒေါသအိုးလို့ သိထားတဲ့ ယောက်ဖဆီက နူးနူးညံ့ညံ့ လေသံနဲ့ အပြုံးကို မြင်ရတော့ အရင်က အကြောင်းတွေကို တွေးမိကာ ဟန်ခမ်း အားနာမိကာ နေစက်ကို ကြည့်လိုက်တော့ သူလည်း အားနာနေတဲ့ပုံပင်....

"ရတယ်လေ အစ်ကို  လက်စွပ် ဒီဇိုင်းတွေက
ကိုဟန်ခမ်းဆီမှာ ကြည့်လည်းရတယ် ကြိုက်တဲ့ ဒီဇိုင်းနဲ့ ရချင်တဲ့ ရက်ကိုသာပြော အလျော့တွက် လက်ခမယူပဲ လုပ်ပေးမယ်ဗျာ"

"ဟာ မလုပ်ပါနဲ့ ညီရာ ကျသလောက်သာ ယူပါ ''

''တခြားလူတွေမှ မဟုတ်ပဲဗျာ ကိုဟန်ခမ်း ယောက်ဖဆို ကျွန်တော့ အစ်ကိုပဲပေါ့"

''ပြောမရလည်း သဘောကွာ ဟိုတစ်ခါ လာထိုးကတည်းက ငါ့ညီကို  အစ်ကိုက ခင်နေတာ''

🌟Soulmate🌟[Season(2)]Where stories live. Discover now