Part_10

9.9K 555 26
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 10

"အစ်ကိုလေးဟန်ခမ်းရေ အရှေ့မှာ အစ်ကိုလေးဧည့်သည်လားမသိဘူး "

ခြံလုပ်သားလေးတစ်ယောက်ကလာပြောတာကြောင့် သူလည်း နည်းပညာသမားကို ခဏဟုဆိုကာ အရှေ့ကိုထွက်လာခိုက်...

"ဟင်...မင်း"

"အစ်ကို့...တကယ် အစ်ကို့ဆီမူးခိုရောက်လာတာပဲ"

"မင်း...ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ"

ကျောပိုးအိတ်တစ်လုံးကိုပိုက်ထားကာ သူ့အရှေ့ ထော့နဲ့နဲ့ဖြင့်လျှောက်လာတဲ့သူမ...

"သူတို့လိုက်ပို့ပေးတာ "

"ကိုဟန်ခမ်းရေသွားပြီဗျို့ ကိုဟန်ခမ်းကောင်မလေးက ခေါင်းနဲ့ခြေထောက်နည်းနည်းထိထားတယ် ဆေးခန်းပို့ပေးမယ်ဆိုတာကို ကိုဟန်ခမ်းဆီပဲပို့ခိုင်းနေတာ"

ကိုဟန်ခမ်းကောင်မလေးဆိုတဲ့စကားကြောင့် မူးခိုရော အစ်ကိုရော မျက်နှာလေးတွေမထားတတ်အောင်ဖြစ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ခိုးကြည့်ရင်း..

"ဘယ်လိုဖြစ်လာတာလဲ"

"မူးခို စျေးထဲမှာ ခါးပိုက်နှိုက်ခံရရင်း သုံးဘီးတိုက်ခံရလို့ အစ်ကို"

"ဟင်"

အစ်ကိုမျက်နှာက တစ်ခုခုကိုစိုးရိမ်ထိတ်လန့်သွားပုံလေးဖြစ်သွားကာ...

"ဟိုလိုကြီး ဒဲ့တိုက်ခံရတာမဟုတ်ဘူး ရှောင်လိုက်နိုင်တယ် ဒါပေမယ့် ကျောက်ခဲနဲ့ခေါင်းဆောင့်မိလို့ခေါင်းတော်တော်မူးသွားတယ် သူတို့က ဘယ်သွားမလဲမေးတယ် မူးခိုခေါင်းထဲ စွဲနေအောင်ပေါ်နေတာက အစ်ကိုဟိုနေ့ကဖုန်းပြောနေရင်းရွတ်ပြတဲ့လိပ်စာ"

"မင်း အဆင်ပြေရဲ့လား ခေါင်းထိတယ်ဆိုတော့ ဆေးခန်းပြသင့်တယ် ခြေထောက်လည်းထိသွားပုံပဲ"

"မူးခိုဖုန်းလည်းပါမလာဘူး ပိုက်ဆံအိတ်ပါသွားပါတယ်ဆို အစ်ကိုရယ် မူးခိုဒီအရပ်ဒေသမှသိတာ အစ်ကိုပဲရှိတာလေ ဆေးခန်းကတော့ ပြစရာမလိုဘူးထင်တယ် ဒီ နန်းစမ်ခမ်းကိုဝင်တာနဲ့ ခေါင်းက ကြည်သွားတာများ ဘိုင်ကယ်အိုင်က ရေကန်လိုပဲ ကြည်တောက်နေတာသိလား"

🌟Soulmate🌟[Season(2)]Where stories live. Discover now