Part _37

11.3K 593 45
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 37

"ဟာ"

သက်ဦးသခင် မျက်စိနှစ်လုံး ပွင့်တော့ မြင်လိုက်ရတဲ့ မြင်ရလိုက်ရတဲ့ မြင်ကွင်းကြောင့် ခေါင်းကျိန်းသွားရတော့သည်....

သူနဲ့ အထွန်းလေးက မျက်နှာချင်းဆိုင် ဘေးတစ်ဖက်စီမှာ အိပ်ကြပြီး အလယ်မှာက သူနဲ့ အထွန်းလေးရဲ့ ချစ်မဝတဲ့ ရင်နှစ်သည်းချာလေးတွေ အိပ်ကြတာ ဖြစ်သည် .....

အကျင့်အတိုင်း အိပ်ရာကနိုးလာရင် ကိုယ့်ရဲ့ ဘယ်ဖက်ဘေးနေရာလေးကို ကြည့်လိုက်တော့ ကိုယ့်ရဲ့ အသဲလေးက ကလေးလေးယောက်ရဲ့ ဟိုဖက်မှာဆိုတော့ ထိလို့မရတဲ့ အကွာအဝေးဖြစ်နေတာမို့
သူမချင့်မရဲဖြစ်နေရသည်....

အပြစ်ကင်းစင်စွာ အိပ်မောကျနေရှာတဲ့ သူရဲ့ ဇနီးအလိမ္မာလေးကို ချစ်မြတ်နိုးစွာ ကြည့်နေမိဆဲမှာပဲ  အနောက်က စောင်ပုံကြီးကို သတိထားမိကာ ခေါင်းကျိန်းသွားရတော့သည်.....

သူ့ရဲ့ညာဖက်ဘေးကို စမ်းကြည့်လိုက်တော့ ဘာဆို ဘာမှမရှိ  လူမပြောနဲ့ စောင်တောင်မရှိ ....

'''ဟ ဒီကောင်ကွာ ငါတော့ ရန်ကုန်ရောက်တာနဲ့ မိန်းမ တောင်းပေးရတော့မယ်နဲ့ တူတယ်"

'''ဒင်းကလေ တစ်ထွာပြရင် တစ်လံလောက်မကဘူး နှစ်မိုင်လောက်တောင် ရှေ့ကပြေးသွားတယ် အစကတော့ တေမိလိုလို ရေခဲတုံးလိုလိုနဲ့  အခုကျတော့ တကယ့်ဆရာကြီး  ''

"ကိုကြီး''

သူကြည့်နေတုံးမှာ အထွန်းလေးက နိုးလာကာ ပါးစပ်လှုပ်ရုံလေး ခေါ်လာလေသည် ....

သူ့မျက်နှာပေးကို ဖတ်ကြည့်ပြီး ဘာဖြစ်နေလဲ သဘောပေါက်သွားတဲ့ပုံနဲ့ အမြန်ထပြီး အနောက်ကို လှည့်ကြည့်လေသည်....

"ဟောတော်''

အထွန်းနဲ့ မူးခိုဖောက ခန္ဓာကိုယ် အရွယ်အစားက မတိမ်းမယိမ်းလေးမို့  စောင်ပုံကြီး ကြည့်လိုက်တာနဲ့ မူးခိုဖော တစ်ယောက်ထဲ အိပ်နေတာ မဟုတ်မှန်း အသိသာကြီး ဖြစ်သည်....

သူမျက်ရိပ်ပြလိုက်တာမို့  အထွန်းက ဝိလေးတို့ မနိုးအောင် အသာအယာလေး ထလာလေသည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now