🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part _4"ဟင်...ဟိုအစ်ကို"
"ရော့လေ ..."
သူကမ်းပေးနေတဲ့ ဘုရားဆင်းတုတော်ရုပ်လေးကို မယူပဲ သူ့ကိုကြည့်နေတဲ့မျက်ဝန်းတောက်တောက်လေးတွေကမျက်တောင်တစ်ချက်မခတ်ကြည့်နေတာမို့ ဟန်ခမ်းတစ်ယောက် ရှက်သွားကာ ကိုယ့်လည်ဂုတ်လေးကို ပွတ်သပ်မိပြီးမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ရတော့သည်...
"သရဲကြောက်တယ်ဆို...မင်းလိုအပ်မယ်ထင်လို့ပေးတာ"
"ဟီးဟီး မူးခိုက သရဲကိုပိစိလေးပဲကြောက်တာပါ အများမကြောက်ဘူး"
အခုနက ကားပေါ်တောင်မတက်ရဲပဲချိတုံချတုံဖြစ်နေတာ ဘယ်သူလဲအမိရေဆိုပြီး စနောက်လိုက်ချင်ပေမယ့် သူနဲ့သူမက အဲ့လောက်ထိတော့မခင်ဘူးဟုထင်သည်...
"ဒါနဲ့အစ်ကိုက ဆေးရုံကို ဘာလို့လာတာလဲဟင်"
"မယ့် သူငယ်ချင်းဆေးရုံတက်ရလို့"
"မယ့်က ဘယ်သူလဲဟင်"
အစ်ကိုက စပ်စုရန်ကောဆိုတဲ့ မျက်နှာပေးမျိုးနဲ့မူးခိုကိုကြည့်လာတာမို့ ...
"မူးခိုက စပ်စုတာမဟုတ်ပါဘူးတကယ်သိချင်တာ မူးခိုက Bloggerဆိုတော့ ဟိုစပ်စပ်ဒီစပ်စပ်လိုက်မေးရင်း အကျင့်ကပါနေတာ"
သူ့ကိုပြာပြာသလဲလဲရှင်းပြတဲ့ကောင်မလေးကြောင့် ဟန်ခမ်းကျုံ့ထားတဲ့ မျက်ခုံးကိုဖြေလျော့လိုက်ရတော့သည်..
" မယ့် ဆိုတာ အမေကို ခေါ်တာ"
"ဒါဆို အစ်ကိုက ထိုင်းလူမျိုးလား"
"ရှမ်းပါကွ"
"အာ"
"ကျွန်တော်သွားပြီ"
"ဆင်းတုတော်လေးအတွက်ကျေးဇူးနော် အစ်ကို"
မူးခိုကို ခေါင်းလေးသာ တစ်ချက်ငြိမ့်ပြပြီး Hijetဖြူလေးပေါ်သို့တက်သွားကာ ပါကင် 2 ထဲကနေပတ်ထွက်သွားလေတော့သည်...
အာ ရှမ်းလူမျိုးတော့ သိပြီးနာမည်ကျ မမေးလိုက်ရဘူး....
အစ်ကိုက တိုင်းရင်းသားလေးမို့ စကားသံဝဲဝဲလေးဖြစ်နေတာကိုး...
အစ်ကိုစကားပြောပုံလေးကအစ နားထောင်လို့ကောင်းလိုက်တာ...
_
_
_
_
_
_
သူ ညအိပ်ယာဝင်ခါနီး အိုက်ဆာဆီက ဖုန်းဝင်လာလေသည်..
YOU ARE READING
🌟Soulmate🌟[Season(2)]
Romanceမူးခိုမောင့်ကိုသတိမရတဲ့နေ့တွေမှာ မောင့်ကမ္ဘာမှာအောက်ဆီဂျင်တွေစပြတ်တောက်လာတော့တာပဲ... အမှတ်တမဲ့ထိမိသွားလို့ရတဲ့ဒဏ်ရာလေးတွေပေမယ့် မင်းအပြုံးချိုမြမြဆိုတဲ့Hiruscarကမရှိတော့ကိုယ့်အလွမ်းနဲ့ကိုယ် အနာဖေးတက်အောင်လုပ်ရတာပဲ... ✨ စိုင်းဟန်ခမ်...