Part _58

18.4K 678 47
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 58

"ဟင် မူးခို နိုးနေပြီလား မောင်က မနိုးလောက်သေးဘူးထင်နေတာ"

နောက်ကွယ်က မောင့်အသံကြီးကြားတာနဲ့ မူးခို နားရွက်ဖျားတွေပူတက်ပြီးမျက်နှာပူသလိုဖြစ်ကာ ကြောက်လည်း ကြောက်မိလေသည်...

"သားရေ ဗိုက်ဆာနေပြီလား ခဏလေးကွယ် မဲ့လည်း ညကအိပ်ယာထနောက်ကျသွားတယ်  ညက အိပ်ပျော်သွား တယ်ကွယ် သမီး မူးခိုက တစ်ယောက်တည်းအိပ်လိုက်ရတယ်ကွယ်"

ဟန်ခမ်း မျက်လုံးပြူးသွားကာ မူးခိုကို ကြည့်လိုက်တော့ မူးခိုက မျက်နှာလေးအောက်ငုံ့ထားလေသည်.....

ထိုစဥ် ထမင်းစားခန်းထဲကိုဖော့လည်း ဝင်လာလေသည်...
မူးခိုက ရှက်နေလို့တူသည် အနားက ထွက်သွားတော့ သူက လိုက်ဖို့လုပ်တော့ မဲ့က လက်ကို လှမ်းဆွဲထားလေသည်...

"ညနေ မူးခိုတို့ မိဘတွေ လာလိမ့်မယ် "

"ဗျာ ဒီညနေလား "

"အင်း အခုနကပဲ ဟန်ထွန်းဖုန်းဆက်တယ် သားညီမက အဆက်အသွယ်ဖြတ်ထားတော့ မင်းသန့်က လောနေပုံပဲ သမီးမူးခိုကိုပါညနေတခါတည်း အပ်ရမယ်"

"အပ်ရမှာပေါ့ "

"တော်သေးတာပေါ့ ညက သားတို့ခွဲအိပ်လို့ ညနေလာအပ်ရင် ပြောရတာ မျက်နှာမပူတော့ဘူးပေါ့ "

"ဗျာ"

"မဲ့ အဲ့ဒါကလေ"

"သားလည်း ဒီနေ့ အလုပ်တွေသေချာဖြတ်ထားနော် ဧည့်သည်တွေလည်း ညနေလာမှာ  မဲ့တော့အဆိုးတွေထဲက အကောင်းဖြစ်လာတာမို့ တကယ်အပူလုံးကြီးကျသွားပြီ အသနားရဆုံးက ကိုယ်ချွေးမလေးလေ ဒီကလေးကိုတော့ သေချာသူ့မိဘလက်ထဲပြန်အပ်ပြီး တန်ဖိုးရှိရှိ တောင်းရမယ်"

ဟန်ခမ်းပြောမယ့် စကားလုံးတွေ လည်ချောင်းဝမှာတင် တစ်သွားလေတော့သည်.....
_
_
_
_
"မူးခို"

"ဟင် မောင်"

သူ့ကိုတွေ့တာနဲ့ မျက်နှာမထားတတ်သလိုဖြစ်နေတဲ့ ချစ်ဇနီးလေးကို  ဟန်ခမ်း ဒီတစ်ခါတော့ ရှောင်မထွက်သွားအောင် ​ဖမ်းချုပ်ထားလိုက်လေသည်...

"ဘာလို့ မဲ့ အနားပဲကပ်နေတာလည်း"

"ဘယ်မှာ ကပ်လို့လည်း"

🌟Soulmate🌟[Season(2)]Where stories live. Discover now