Part _25

11.8K 616 129
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 25

မူးခို အံဩထူးဆန်းသွားရပြီး အစ်ကို့မျက်နှာကို  မော့ကြည့်မိတော့  မူးခိုရဲ့ ရင်ထဲက အသည်းနှလုံးကို ထိန်းထားလို့ မရနိုင်တော့အောင် ဆွဲခါလှုပ်ယမ်းသွားစေတဲ့အထိ အားပြင်းလှတဲ့ အစ်ကို့ရဲ့ ရွှန်းရွှန်းစားစား အကြည့်တွေနဲ့ အကြည့်ချင်းဆုံလေသည်....

"ဘာပြောမလို့ မူးခိုလေး ပြောလေ''

''ဟို  ...ဟို"

အစ်ကိုဆေးရုံက ဆင်းတာကို မူးခိုက ဂုဏ်ပြုရမှာလေလို့  ပြောလိုက်ချင်ပေမယ့် မူးခိုရဲ့ အသံတွေက လည်ချောင်း အဝမှာတင် ပျောက်ဆုံးသွားကာ  လုံးဝ ထွက်မလာတော့ .....

ဘာကိုမှန်းမသိ ကြောက်ရွံ့နေသလိုမျိုး ခံစားနေရပြီး လူက ရှက်ရွံကာ တုန်ယင်နေလေသည်.... အစ်ကို့ မျက်လုံးတွေကို မူးခို ရင်ဆိုင်ပြီး မကြည့်ရဲတော့တာမို့  မျက်လွှာကိုအမြန်ချရင်း ခေါင်းကို ငုံ့ထားလိုက်မိတော့သည်....

"အာကွာ မူးခိုလေး''

ငုံ့ချသွားတဲ့ မျက်နှာနုနုလေးကို မမြင်ရတော့
ဟန်ခမ်း ရင်ထဲမှာ မချင့်မရဲ ဖြစ်သွားရပြီး မေးဖျားလေးကနေ အသာအယာ ပင့်မော့မလို့ လက်ရွယ်လိုက်မိတော့ ပန်းစည်းကိုင်ထားတဲ့ လက်ကလေးတွေက တဆတ်ဆတ် တုန်ယင်နေရှာလေသည်....

သူ့ရင်ထဲမှာ သနားကြင်နာမဆုံး ဖြစ်သွားရကာ ခေါင်လေးကိုသာ ဖွဖွလေး ပွတ်ပေးမိတော့သည်....

"မူးခိုလေးက အရမ်း ကြောက်နေရှာတာပဲ ကျွန်တော်က အရမ်းကြောက်ဖို့ ကောင်းနေလို့လားဟင်"

...........

"မူးခို"

..........

"မူးခိုလေး""

...........

''ကျွန်တော်က ကြောက်ဖို့ ကောင်းလို့လားလို့  ဟင် မူးခိုလေး ဖြေလေကွာ''

..............

မူးခိုလေးက အသံထွက်မလာပဲ  မျက်နှာနီနီလေးနဲ့ ခေါင်းယမ်းပြရှာလေသည်....

"အဟွန်း ကျွန်တော်ဘာမှ မပြောတော့ဘူးနော် သိလား မူးခိုက မကြောက်နဲ့လေကွာ ရှက်လည်းမရှက်ပါနဲ့  မူးခိုက အခုလိုလေး ဖြစ်နေရင် ကျွန်တော်တို့ ဘယ်လို ရှေ့တိုးကြမလဲ "

🌟Soulmate🌟[Season(2)]Where stories live. Discover now