Part _43

9.9K 546 26
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 43

"မူးခိုတို့ ခဏလောက်တော့ Break ရအောင်''

''မူး.......ခို'''

လုံးဝ မထင်ထားတာကြီးကို ကြားလိုက်ရတာမို့ ဟန်ခမ်း အသံမာမာနဲ့ အော်လိုက်မိတော့သည်....

"အဓိပ္ပါယ်မရှိတာကိုမပြောနဲ့ "

"မူးခိုကို မအော်နဲ့ "

"အော်အောင် မောင့်မူးခိုက လုပ်နေတာလေ မောင်က အော်ချင်ပါ့မလား ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားကို လာပြောနေတာလဲ အခု"

မူးခိုက သူပြောတာကိုဂရုစိုက်ပဲ ကားပေါ်ကဆင်းဖို့သာလုပ်နေတာမို့ လက်တွေကိုဖမ်းဆွဲချုပ်ထားလိုက်လေသည်...

"မောင် လွှတ်လို့ပြောနေတယ်လေ "

"လွှတ်"

"တော်လိုက်တော့ မူးခို မောင်အကြမ်းမဖက်ချင်ဘူး''

မူးခိုလေးက တုန်ခနဲ ဖြစ်သွားရှာတာမို့ ဟန်ခမ်း သက်ပြင်းချကာ လေသံကို လျှော့လိုက်ရတော့သည်.....

"အိုကေလေ မူးခိုလေးက ခဏ breakချင်တာလား''

.............

'''သုံးမိနစ်လား ငါးမိနစ်လား ပြော
သုံးမိနစ်လောက်ဆို တော်ရောပေါ့ ကွာနော်
ဒါတောင် တွက်ကြည့်စမ်း စက္ကန့်နဲ့တွက်ရင် တစ်ရာ့ရှစ်ဆယ်ကြီးများတောင် ရှိတာကွာ''

'''အချိန်တွေ နှမျောစရာကြီး မူးခိုရယ် မောင်ကလေ မောင့်မူးခိုလေးကို စက္ကန့်လေးတွေ တစ်ခုနဲ့တစ်ခု ကြားမှာတောင် မေ့ထားလို့ ရတာ မဟုတ်ဘူး....."

"ဟော ပြောနေရင်း အချိန်က စေ့သွားပါပြီခင်ဗျား''

''မူးခိုက အတည် ပြောနေတာမောင်'''

''ဘာ'''

''အတည် ပြောတာဟုတ်လား အေး မောင်လည်း အခု အတည်ပြောနေတာ မောင်နဲ့ လမ်းခွဲဖို့ကို မူးခို ယောင်လို့တောင် မတွေးမိစေနဲ့''

'"အခုလား မနက်ဖြန်လား သန်ဖက်ခါလား လက်ထပ်ဖို့ ရက်ကိုပဲပြော မောင်နဲ့ ချစ်သူတွေ ဖြစ်သွားကြပြီ ဆိုကတည်းက တစ်သက်လုံး မောင်ပိုင်ဆိုင်တဲ့ မိန်းကလေး လုပ်ပါမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ'''

🌟Soulmate🌟[Season(2)]Where stories live. Discover now