Part _62

14K 645 45
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 62

တောင်းရမ်းသည့်ကိစ္စနှင့် မင်္ဂလာဆောင်မည့် ရက် နေရာ အချိန်တွေ အားလုံး ညှိနှိုင်းပြီးစီး၍  မူးခိုဖောတို့အိမ်ကနေ ပြန်လာကြတော့ ဖော့နဲ့မဲ့ ဟန်ခမ်းနဲ့မူးခိုတို့ပါ သခင်အိမ်တော်ကို လိုက်ပါလာကြလေသည်.....

လင်းခေးက ဖိုးဦးစိုင်းဆေနော်နဲ့ ဖွားဒေါ်နန်းရွှေမှုန်တို့ပါ  ဟန်ခမ်း မင်္ဂလာပွဲအတွက် ရောက်ရှိနေကြတာမို့  လူစုံတုံး မင်္ဂလာအကြို မိတ်ဆုံစားပွဲလေးကို ဒေါ်နန်းသခင်က တည်ခင်းဧည့်ခံခြင်းဖြစ်သည်.....

"ကဲ  ထမင်း သုံးဆောင်ပြီးကြရင် အချိုပွဲ အသီးအနှံလေး စားရင်း စကားတွေ ပြောကြရအောင် ဧည့်ခန်းကို ကြွကြပါရှင် ''

''လာပြီဗျာ ကျွန်တော်နဲ့ ဦးဆေနော်ကတော့ အရင် စားလို့ပြီးလို့ ထိုင်ပြီဗျို့'''

''မွန်လည်း ပြီးပါပြီနော် လာပြီ လာပြီ''

'''သမီး တိတိက ဖွားမှုန်အပေါ်မှာ မထိုင်နဲ့လေ လာမားဆီလာ'''

"လာဘူးမား တိတိက ဖွားမှုန်နဲ့ထိုင်မှာ ''

"နေပါစေ မြေးရယ် နင့်ဖွားမှုန်က ဒီမြေး
ကိုယ်လေးလောက်တော့ နိုင်ပါသေးတယ်ဟဲ့''

''အထွန်းလေး ညာညာနဲ့ ကာကာရော"

"အထွေးတို့နဲ့ ခြံထဲမှာ  ကိုကြီး ဝိလေးက ကိုဖဒိုဆီမှာ"

'''ကဲ ကိုသက် ခင်များတို့ရဲ့ သခင်မျိုးဆက် လူစစ်တဲ့ အစီအစဉ် ပြီးပြီလား  ဒီမှာ အန်တီနန်းက စကား ပြောချင်နေပုံရတယ်'''

'''ဟုတ်တယ် နေစက်ရေ  ပြောမှာက အားလုံးရှေ့မှာ ပြောမှာဆိုတော့ ဟန်ခမ်းတို့ ထွက်မလာသေးလို့ လူစုံအောင် စောင့်နေတာ ''

'''လာပြီ အန်တီနန်းရေ မူးခိုက သုံးပန်းကန်တောင် စားနေလို့ ကျွန်တော်က သူ့ကို စောင့်နေရတာ'''

"ဟယ် ချွေးမလေးက အဲဒီလောက်တောင် စားနေရင် ဝလာတော့မှာပဲ''

'''ဝပါစေ မဲ့ရယ် ကျွန်တော့ မိန်းမက သေးသေးလေး  ကိုယ်ဝန်ဆောင်တဲ့ အချိန်နဲ့ မွေးဖွားရတဲ့အချိန်မှာ သူအားရှိဖို့ အများကြီး စားဖို့လိုတယ်''

🌟Soulmate🌟[Season(2)]Where stories live. Discover now