Part _65

12.7K 675 19
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 65

"မူးခိုရယ် တစ်ခြားဟာပဲ မောင်ဝတ်လို့ မရဘူးလား"

"မရဘူး ရှမ်းဝတ်စုံပဲဝတ်ရမယ်"

"ကိုသက်အိမ်လေးတင်ကို ရှမ်းဝတ်စုံဝတ်စရာလိုလို့လား"

"မွေးနေ့ပွဲလေ ဝိလေးတစ်နှစ်ပြည့်လေ ဝတ်ကိုဝတ်ရမယ် မဝတ်ရင်မလိုက်နဲ့"

အခုတလောမူးခိုဟာ ဘယ်ပွဲတက်တက် သူ့ကို ရှမ်းဝတ်စုံကိုပဲဝတ်ခိုင်းလေသည်....
မဗိုက်လေးဟာ ဗိုက်က ထွက်လာလေလေ စကားပြောရတာ ဂွကျ လာလာလေလေဖြစ်သည်...

"ပြီးရောဗျာ ဝတ်မယ် ဟုတ်ပြီလား "

ရှမ်းဝတ်စုံ ဝတ်မယ်ဆိုမှ သူမလေးမျက်နှာက ပြုံးရွှင်သွားလေသည်...
တစ်လနဲ့တစ်လနန်းယဥ်ကသာ ဝမ်းကြီးနာဆွဲလိုက် အစားပျက်လိုက်ဖြစ်နေပေမယ့် သူ့မူးခိုလေးကတော့ တစ်ရက်မှအစားအသောက်မပျက်ပဲ အစားကိုကောင်းကောင်းစားတာမို့ သူ့မှာ ရင်အေးရလေသည်...

ရေနွေးကြမ်း ဆတ်သားခြောက်ဖုတ်ကိုတော့ နေ့စဥ်မပြတ်စီစဥ်ပေးရလေသည်...
ပြတ်တာနဲ့ ကွိုင်ရှာတာက နေ့မအိပ်ညမအိပ်ဖြစ်လေသည်...
ဖော့နဲ့မဲ့ကလည်း ဟိုကနေ သူ့ချွေးမစားချင်တာမှန်သမျှအကုန် သေချာထုတ်ပိုးကာပို့ပေးလေသည်...
_
_
_
_

"ဟာ ဟာ''

''ဒါက ဘာတွေလဲဗျ  မင်္ဂလာပွဲ အရှိန်က  အခုထိ မကုန်နိုင်သေးဘူးလား ကြည့်ရတာ ခင်ဗျား အခုချိန်ထိ မင်္ဂလာဦးညတွေ  ကျင်းပနေတာတော့ မဟုတ်လောက်ပါဘူးနော်"

သမင်မွှေးရောင် ရှမ်းရိုးရာ ဝတ်စုံ နဲ့ ရောက်လာတဲ့ စိုင်းဟန်ခမ်းဖိတ်ကို သျှင်နေစက်က စနေတာမို့
ဟန်ခမ်းမျက်နှာကြီး ရဲခနဲ ဖြစ်သွားလေသည်....

"ဟား  နေစက် ဟေ့ကောင်   မင်းဆိုတဲ့ ကောင်ကွာ ကျစ်''

''အောင်မာ  မသိရင်ခက်မယ် ခင်ဗျားက မဟုတ်လို့လား ကဲ ပြောပါအုံး"

''ဟုတ်တယ်'''

ဟန်ခမ်းက အနီးအနားကို မျက်လုံးဝေ့ကြည့်ကာ အကဲခတ်လိုက်ပြီး ဘယ်သူမှ မကြားအောင် အသံလေး နှိမ့်လျက်  ပါးစပ်ကို လက်ဖဝါးနဲ့ကာပြီး ပြောလာလေသည်.....

🌟Soulmate🌟[Season(2)]Where stories live. Discover now