Part _19

10.9K 617 32
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 19

"အား"

သစ်လုံးအိမ်ရှေ့က လိမ္မော်ရောင်နှင်းဆီတန်းကြီးကို ရေလောင်းနေရင်း အား ခနဲဟု ကြားလိုက်ရတဲ့အသံကြောင့် ရေပုံးကိုပစ်ချကာ ဟန်ခမ်းအိမ်ထဲသို့ဒုန်းစိုင်းပြေးဝင်သွားလေတော့သည်...

"မူးခို"

"ဘာဖြစ်တာလဲ မူးခို"

အခန်းဝကနေအသံပေးကာ ဝင်လာတော့ သူ့ကုတင်ထက်ဝယ် သူမက ပုဆစ်တုတ်လေးဝပ်နေကာ တစ်ကိုယ်လုံးစောင်အုပ်ထားလေသည်....

"မူးခို ဘာဖြစ်တာလဲ မကြောက်နဲ့လေ ကျွန်တော်ရှိတယ်"

"အစ်ကိုလား...အစ်ကို"

"ဟုတ်တယ် ကျွန်တော်...ကျွန်တော်"

အရင်ဆုံး အသာလေး စောင်ကို လှပ်ပြီးမျက်နှာလေးပေါ်လာကာ...

"အစ်ကို အခန်းက သရဲရှိတယ်"

မျက်နှာလေးမဲ့ကာ ပြောလာပုံက တစ်မျိုးလေးဖြစ်သည်...

"ဗျာ....မဖြစ်နိုင်တာ"

''ခေါင်းရင်းကနေဘုတ်ဆိုတဲ့အသံကြီး မူးခိုကြားလိုက်တာ သေချာတယ် ကလေးငိုသံလိုလိုဘာလိုလိုနဲ့"

ထိုစဥ်ဟန်ခမ်းခြေထောက်နားကို လာနမ်းနေတဲ့cheetoကြောင့် ဟန်ခမ်းပွေ့ချီလိုက်ကာ...

"သရဲမဟုတ်ပါဘူး ကျွန်တော်ကြောင် ပြတင်းပေါက်ကနေဝင်လာတာ "

"ဟင် "

ထိုအခါမှ သူမက ကုတင်ပေါ်ပြန်ပြင်ထိုင်လိုက်ကာ စောင်ကြီးကိုဘေးဖယ်လိုက်လေသည်...

"ဟန်ထွန်းကလည်း ဘယ်ရောက်သွားတာလဲမသိဘူး "

မကျေမနပ်မျက်နှာလေးစူပုတ်ပုတ်ပြောလာတာမို့ ဟန်ခမ်းတစ်ချက်ပြုံးလိုက်ကာ..

"ဝိလေးငိုလို့ဖြစ်မယ် ကိုသက်တို့အိပ်ခန်းဘက်ကူးသွားတာတွေ့လိုက်တယ် သူလည်း မူးခို သရဲကြောက်တတ်တာမသိလို့ပါ နိုးလောက်မယ်မထင်လို့ ခဏတဖြုတ်ထသွားတာနေမယ်"

"ဟင် မူးခို က သရဲအဲ့လောက်လည်း မကြောက်ပါဘူးနော် အခုဟာက ရုတ်တရက်မို့ လန့်အော်မိတာ ဟိုလေ အနားမှာလည်းတစ်ယောက်မှမရှိတော့လေ "

🌟Soulmate🌟[Season(2)]Where stories live. Discover now