Part _2

12.9K 582 15
                                    

Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part _2

မူးခိုကသိချင်တာဆိုရင်မရရအောင် လိုက်မေးတတ်သူမို့ ကျောခိုင်းသွားတဲ့ ထိုလူနောက်အပြေးလေးရအောင်ပြေးလိုက်လေတော့သည်...

"ဟာ့ မမူးခို...မမူးခို"

အိုက်ဆာလည်း ရုတ်တရက်သူ့အရှေ့က ပြေးထွက်သွားတဲ့ Bloggerမလေးနာမည်ကို အော်ခေါ်ရင်း သူမလေးအနောက်ကို သူပါပြေးလိုက်ရတော့သည်..

"ဒီမှာရှင့်...ဒီမှာ"

"ဒီမှာ...ဟိုအစ်ကို...ဟိုအစ်ကို"

ဘာဂျာစကပ်လေးကို မကိုင်ပြေးပြီးအော်ခေါ်နေတာကို ဒီလူက လှည့်တောင်မကြည့်....

"ဟိုအကို ....ဟာ"

"ဒီမှာ ဖိနပ်အရှည်ဝတ်ပြီး ဂျင်းဘောင်းဘီခေါက်ထားတဲ့အကို"

မူးခို ထိုသို့အော်လိုက်တော့ ထိုလူရဲ့ခြေလှမ်းတွေရပ်သွားလေသည်...

သူရပ်လိုက်တော့စကပ်လေးမကာ သူ့ရှေ့အမောဖြေနေသောကောင်မလေး....

"ဟူးး...ဟဲ....မောလိုက်တာ"

"မူးခိုခေါ်နေတာ နည်းနည်းလေးတော့လှည့်ကြည့်ပါလား အစ်ကိုရ"

"မသိဘူးလေဗျာ   ဒီမှာရှင့်က ကျွန်တော်နာမည်မဟုတ်သလို ဟိုအစ်ကိုဆိုတာကလည်း ကျွန်တော်နာမည်မဟုတ်ဘူးဗျ  ...."

"ဒါဆို အခုဘာလို့ရပ်သွားတာလဲ"

"ဒီနားတစ်ဝိုက် ဘောင်းဘီခေါက်ထားပြီး ဖိနပ်ရှည်ဝတ်ထားတာ ကျွန်တော်ပဲရှိတာမို့''

"ဒါများ အစ်ကိုရ မူးခိုစအော်ခေါ်တည်းက နည်းနည်းလောက်လှည့်ကြည့်လိုက်ရင် မူးခိုအဲ့လောက်မမောတော့ဘူးရှင့်"

"ကျွန်တော်ကိုခေါ်တာမဟုတ်ပဲ လှည့်ကြည့်ရတာ အဆင်မပြေဘူးလေ"

မူးခို အခုသူ့နောက်ပြေးလိုက်လာတဲ့ ကိစ္စတောင်မေ့နေကာ လှည့်ကြည့်တာ မကြည့်တာနဲ့ စကားက ပတ်လည်ရိုက်နေလေသည်...
ဒီအစ်ကိုက တော်တော် စကားပြောရခက်တဲ့ပုံကြီးလားမသိ ရုပ်လေးနဲ့မလိုက်စကားကို ကတ်သပ်ပြောနေတာကြီးက ပုံမှန်ဆို မူးခို အမြင်ကတ်လောက်တဲ့typeဆိုပေမယ့် အခုကျ မျက်ခုံးနက်နက်ကြီးကျုံ့ကာ စကားပြောနေတဲ့ ဒီလူသားကို ချစ်စရာကြီးလို မြင်နေလေသည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now