Part_32

12K 626 37
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 32

"မူးခို''

''မူးခိုရေ'''

''မူးခို''

''ဟယ် ဝမ်ဝမ့်ရေ မူးခိုက ဒီမှာ  အပေါ်ထပ်မှာ''

''မူးခိုကို လွှတ်ပေးပါတော့ အစ်ကိုရယ်''

အစ်ကို့ရင်ခွင်ထဲကနေ အတင်းရုန်းကာ မူးခိုပြောတော့ အစ်ကိုက ဖက်ထားတဲ့ လက်တွေကို  အသာအယာ ဖြေလျှော့ပေးလေသည်....

မူးခိုရဲ့ သူငယ်ချင်းလေး နှစ်ယောက်က အိပ်ရာနိုးတာနဲ့ မူးခိုကို လိုက်ရှာနေကြတာမို့ ဟန်ခမ်း သဘောကျစွာ ပြုံးလိုက်မိသည်....

ဒီကောင်မလေးတွေ အခုမှ တွေ့ပြီး ခင်ကြတာ ဆိုပေမယ့် ဘယ်ဆိုးလို့တုံး စိတ်ချရသားပဲ ငါ့မူးခိုလေးကို  စိတ်ပူပေးကြရှာတယ်....

ထိုင်ရမလို ထရမလို ဘာလုပ်ရမှန်းပဲ ဖြစ်နေရှာတဲ့ မူးခိုလေးကို ဟန်ခမ်း ဂျိုင်းကနေမကာ ပြတင်းပေါက်နားမှာ ကပ်ပြီး ရပ်ထားပေးလိုက်သည်.....

"ဒီနားမှာ ရပ်နေလိုက်နော် မူးခို မောင်သူတို့ကို ခေါ်လိုက်မယ်"

"ဟုတ် "

"ဝမ်ဝမ်နဲ့ ဖန်းဖန်း အပေါ်ထပ်ကို တက်လာလိုက်ပါလား ဒီမှာ မူးခိုနဲ့အတူ ပန်းခင်းလာကြည့်''

''ဟုတ်ကဲ့ လာပြီ'''

ဝမ်ဝမ်တို့ အပေါ်ထပ်ရောက်တော့ မူးခိုက ပြတင်းပေါက်ကနေ အပြင်ကို ငေးနေရာက လှည့်ကြည့်လာလေသည်...

"ဝမ်ဝမ် ဖန်းဖန်း ဒီမှာ ပန်းတွေကို လာကြည့်
အရမ်းလှတာပဲ''

''ဟယ်'''

''ဟောတော် လှလိုက်တဲ့ ပန်းခင်းကြီးဟယ် ဝမ်ဝမ်တို့ကလေ လာမယ် လာမယ်နဲ့ မလာဖြစ်တာ လိုင်းပေါ်မှာ တင်နေကတည်းက လာကြည့်ချင်လိုက်တာမှ အရမ်းပဲ..."

''မူးခို လာ ငါတို့အောက်ဆင်းပြီးတော့ သွားကြည့်ရအောင်''

''အင်း သွားမယ်လေ'''

'' မူးခိုလေးကို မခေါ်နဲ့လေ သူအအေးပပ်လိမ့်မယ်  မင်းတို့ပဲသွားကြည့်ကြ"

''အာ အစ်ကိုကလည်း မူးခိုလည်း လိုက်မှာ''

''မူးခိုနော်  မနေ့က ဆေးခန်းမှာ ဒေါက်တာက သေသေချာချာ မှာလိုက်တာ မလိုအပ်ရင် အပြင်မထွက်ရဘူး  ထွက်ရင်လည်း နွေးနွေးထွေးထွေးဝတ်တဲ့''

🌟Soulmate🌟[Season(2)]Where stories live. Discover now