Part _6

10.7K 542 20
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part _6

ရုတ်တရက်ကြီးသူ့အပေါ် အဝတ်ကြီးတစ်ခုဖုံးအုပ်သွားပြီး ခြေဒကောင့်ကွေးကနေအားပြင်းပြင်းနဲ့ဖြတ်ကန်ခံလိုက်ရတာမို့ ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားစဥ် ကျောပေါ်အားပြင်းပြင်းနဲ့ တုတ်တစ်ခုနဲ့
ဆက်တိုက်ရိုက်ခံရပြီး နှာဘူးဟု ပြောလိုက်တဲ့ ကတ်ကတ်လန်နေတဲ့အသံက ပြေးကြည့်စရာမလိုဘူး သူတန်းမှတ်မိနေတဲ့ မူးခိုဖောရဲ့အသံသာဖြစ်သည်...

"တော်သင့်ပြီ မူးခိုဖော"

ငြိမ်ခံနေလို့မဖြစ်တာမို့ ကုန်းရုန်းထကာအဝတ်ကိုဖယ်လိုက်တော့....

"ဟယ်...ဟိုအစ်ကို"

"အစ်ကို့"

"မူးခို ဘယ်သူလဲ နင့်အသိလား"

မူးခိုလက်ထဲက တံမြက်စည်းဟာလွတ်ကျသွားပြီး  မျက်ခုံးနက်နက်ကြီးကို ကျုံ့ထားတဲ့အကို့မျက်နှာကိုသာ မူးခို မျက်နှာငယ်လေးဖြင့် စိုက်ကြည့်မိနေမိလေသည်...

"ငါ့ကြောင်ကိုငါလာခေါ်တာ မင်းတို့ မင်းတို့ကို ငါဘာမှစိတ်မဝင်စားဘူး"

"ညောင်"

"ညောင်"

ထိုစဥ်အခန်းရှေ့ပေါက်ကနေလှည့်ထွက်လာတဲ့ ကြောင်ဝါလေးကို မူးခိုမြင်ခိုက် အစ်ကို့ကိုအားနာသောမျက်ဝန်းများဖြင့် ကြည့်နေမိပြီးဘာပြောလို့ပြောရမှန်းမသိဖြစ်နေလေတော့သည်...

"မူးခိုက အစ်ကိုမှန်းမသိလို့ပါအစ်ကိုရယ် "

"မူးခိုလေ"

အစ်ကိုက သူ့ခြေထောက်နား​ရောက်လာတဲ့ကြောင်လေးကိုကောက်ချီလိုက်ကာ...

"နောက်ဆို ငါနဲ့ ပေ၁၀၀အကွာမှာပဲနေပါ မူးခိုဖော"

"အစ်ကို့"

"အစ်ကို့"

ကြောင်လေးကိုပိုက်ကာ မူးခိုကိုကျောခိုင်းသွားရင်း အမှောင်ထုထဲပျောက်ကွယ်သွားတဲ့ အစ်ကို့ကျောပြင်လေးကိုကြည့်ကာ မူးခို မျက်ရည်များဝဲလာရတော့သည်...

မူးခိုကို အစ်ကိုက အများကြီးစိတ်ဆိုးသွားပြီ...
မဟုတ်ဘူး စိတ်ပျက်သွားလောက်မှာ....
_
_
_
_
_
_
ဒီနေ့တော့ သခင်စံအိမ်မှာ စောစောစီးစီးတည်းကအသံတွေဆူညံနေလေသည်...

🌟Soulmate🌟[Season(2)]Tempat cerita menjadi hidup. Temukan sekarang