Part _56

15K 680 45
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 56

ဟန်ခမ်း မဲ့နဲ့စကားပြောနေရင်း စိတ်က သူ့အနားကို မူးခိုလေးရောက်လာသလိုရင်တွေခုန်နေလေသည်....
မဖြစ်နိုင်တာဟု ခေါင်းခါယမ်းလျက် မဲ့နဲ့စကားဆက်ပြောနေရင်း ရင်ထဲ တလှုပ်လှုပ်ဖြစ်လာတာမို့ ဟန်ခမ်းချက်ချင်းထထွက်လာလိုက်တော့...

"ဟာ"

ခြံအဝနားမှာ မျက်နှာငယ်လေးနဲ့ ကြည့်နေရှာတဲ့ ချစ်ရသူလေးကိုမြင်လိုက်ရခိုက် သူ့ရင်ထဲနင့်သွားရတော့သည်...

"မူးခို...."

"မောင်"

"မူးခို ဘယ်လိုလုပ်"

"မူးခို မောင့်ဆီလိုက်လာတာ"

အသံတုန်တုန်လေးနဲ့ပြောလာချိန်မှာတော့ဟန်ခမ်း မနေနိုင်တော့ပဲ သူမကိုယ်လေးကို ဖက်လိုက်လေတော့သည်...

"ဒယ်ဒီတို့အပြင်သွားတုန်း မူးခိုပြေးလာတာမောင်  ပြေးလာရင်း ကိုနေစက်နဲ့တွေ့လို့ ကိုနေစက်လိုက်ပို့ပေးတာ"

"မောင့်ကို ဖုန်းဆက်လိုက်ပါလား မူးခိုရယ် မောင်လာခေါ်မှာပေါ့"

"မောင်အလုပ်ရှုပ်မှာစိုးလို့ပါ "

"လာလာ အထဲဝင်ရအောင်"

သူဆွဲခေါ်လိုက်ပေမယ့် မူးခိုလေးက တင်းခံနေသလိုမရွေ့ပေ...

"မဲ့တို့က မူးခိုကို"

"မကြောက်နဲ့ လာပါ မောင်ရှင်းမယ်"

သားက စကားပြောနေရင်း မျက်နှာက ဟန်မဆောင်နိုင်အောင် ပျက်လာပြီး မဲ့  ခဏလေးဟုဆိုကာ ခြံပြင်ကို ထွက်သွားပြီး ပြန်ဝင်လာတော့ မူးခိုဖောပါ ပါလာတာမို့ ဒေါ်နန်းမြမွန် မယုံနိုင်အောင်ကို အံဩသွားရတော့သည်....

သားရဲ့ ဖုန်းက စားပွဲပေါ်မှာတင်ထားကာ ဖုန်းလည်းမဆက် message လည်း မပို့ပါပဲ သားက ဘယ်လိုများ သိပြီး ထွက်သွားတာပါလိမ့်.....

"အို'''

ကြည့်ပါအုံး သားရဲ့ မိန်းကလေးက သနားစရာ ကောင်းလိုက်တာ.....

မျက်နှာနုနုလေးသာမက တစ်ကိုယ်လုံးပါ နီရဲနေအောင် ရှက်ရွံ့နေရှာပြီး  သားမခေါ်ပဲ ရောက်လာခဲ့ခြင်းအပေါ်  တုန်လှုပ်နေဟန်ကလေးကအထင်းသား ပေါ်လွင်နေရှာလေသည်.....

🌟Soulmate🌟[Season(2)]Where stories live. Discover now