အပိုင်း (၁) ကြေကွဲဖွယ်ရာ စတင်ခြင်း

3.7K 215 1
                                    

အင်ပါယာရဲ့အရှင်သခင် The Lord's Empire

ကြေကွဲဖွယ်ရာ စတင်ခြင်း/ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာ

မိုးအကြီးအကျယ်ရွာနေတဲ့ အချိန်မှာ အသက် ၂၇ နှစ်၊၂၈ နှစ်အရွယ်ရှိလှပတဲ့ အမျိုးသမီးတစ်ဦးဟာ အသက် ၅ နှစ်မှ ၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို ခေါ်ဆောင်လာခဲ့ပြီး၊ ဇိမ်ခံအိမ်ယာတစ်ခု ရဲ့ သံတံခါးများရှေ့မှာဒူးထောက်နေခဲ့ကြသည်။

ဒီအမျိုးသမီးကို ကျောက်မိုင်လင်း လို့ခေါ်သည်။ သူမဟာ ဝေးလံခေါင်သီတဲ့ ကျေးရွာတစ်ရွာမှဖြစ်သည်။ လွန်ခဲ့သောခြောက်နှစ်ခန့်က သူမဟာ မျှော်လင့်ချက်အိပ်မက်တွေကို ယူဆောင်လာပြီး၊ ဒီနေရာမှာ တက္ကသိုလ်တက်ရောက်ဖို့ မျှော်လင့်ချက်နဲ့ ရောက်လာခဲ့သည်။ သို့သော် သူမအတွက် အရာရာကိုပြောင်းလဲမည့်သူနှင့်တွေ့လိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပါဘူး။ အဲဒီလူဟာ ဘိုင်တန်မြို့တော်ရဲ့နာမည်အကြီးဆုံး လူ့ဘော်ကြော့ သခင်လေး... လီရှီ ပဲဖြစ်သည်။

ထိုအချိန်က ကျောက်မိုင်လင်း နှင့်လီရှီ တို့ဟာကျောင်းဝင်းတစ်ခုတည်းသို့တက်ခဲ့ကြပြီး၊ လီရှီ က သူမနှင့်တွေ့ဆုံပြီးနောက် သူမကိုစိတ်ဝင်စားသွားခဲ့သည်။ အဲ့ဒီနောက် သူက သူမ‌ ကို လှည့်ကွက်အမျိုးမျိုးအသုံးပြုကာ ပိုးပန်းခဲ့သည်။

ကျောက်မိုင်လင်းက ရိုးရိုးရှင်းရှင်းနှင့် အပြစ်ကင်းမဲ့တဲ့ မိန်းကလေးဖြစ်တာကြောင့် ဒီလို ကျွမ်းကျင်သူတစ်ဦး ရဲ့ပိုးပန်းမှု ကိုဘယ်တောင့်ခံနိုင်ပါ့မလဲ။ သူမက သူ့အားသူမရဲ့ခန္ဓာကိုယ်သာမက သူမရဲ့နှလုံးသားတစ်ခုလုံးကိုပါပေးအပ်ခဲ့လိုက်သည်။ လီရှီက သူမကိုကစားရတာပျင်းလာတဲ့ အခါမှာတော့ သူမကိုရက်ရက်စက်စက်ပဲစွန့်ခွာသွားခဲ့သည်။

အဲ့ဒီ့နောက် ကျောက်မိုင်လင်းက သူမမှာကိုယ်ဝန် ရှိနေကြောင်း သိရှိသွားခဲ့သည်။ သူမက ကလေးကို မွေးဖွားဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် သူမရဲ့မိသားစုနှင့် ပြဿနာများစွာ ဖြစ်ပွားခဲ့သည်။

ကလေးမွေးပြီးတဲ့နောက်မှာ ကျောက္မိုင်လင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်ခဲ့သည်။ သို့သော် ငါးနှစ်အကြာမှာတော့ သူမဟာ ရောဂါဖြစ်လာခဲ့ပြီး၊သူမရဲ့ခန္ဓာကိုယ်ဟာမယုံနိုင်လောက်အောင်အားနည်းလာခဲ့ကာ အသက်ရှင်ဖို့ နှစ်များများ မကျန်တော့ကြောင်း သိသွားခဲ့သည်။ ထို့ကြောင့် သူမက သူမရဲ့ကလေးကို လီ မိသားစုထံပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ သူ့ကလေးက ဖခင်ရဲ့ မေတ္တာကိုခံစားနိုင်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိခဲ့မယ်ဆိုရင်တော့ သူမသေရင်တောင် ပျော်ရွှင်နေပါလိမ့်မယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now