Chapter 2

15.3K 2.2K 20
                                    

//Zawgyi//

အောက်ထပ်ကိုဆင်းနေရင်းနဲ့ ကျင်ရွှင်အနည်းငယ်မသက်မသာခံစားနေရသည်။

ဒါကဖြစ်နေကျအတိုင်း မသက်မသာဖြစ်တာမျိုးမဟုတ်ဘူး။ တကယ်တော့ ဒါကသူ့ရဲ့ခန္ဓာကိုယ်မဟုတ်မှန်း ကျင်ရွှင်လုံးဝသေချာသည် ဘာလို့လဲဆိုတော့ သူ့ရဲ့မူရင်းခန္ဓာကိုယ်က တော်တော်လေးကို ကျန်းမာရေးမကောင်းတာကြောင့် အမြဲတမ်း သူကရွှေစတစ်ထောင်လောက်သယ်ထားသလို ခံစားခဲ့ရသည်။

ဒါပေမယ့် ဒီကမ္ဘာမှာ အဲ့လေးလံနေတဲ့ခံစားချက်က ပျောက်ကွယ်သွားသည်။ ပထမဆုံးအကြိမ် ပေါ့ပါးပြီးကျန်းမာတဲ့ခန္ဓာကိုယ်က ဘာကိုဆိုလိုတာမှန်း ကျင်ရွှင်သဘောပေါက်သွားသည်။ အဲ့တာကကောင်းချီးပေးခံထားရသလိုပဲ။

ဒီတစ်ကြိမ်မှာ ခန္ဓာကိုယ်က ထူးထူးခြားခြားပူလောင်လာပေမယ့် အဲ့တာကနာကျင်မှုကြောင့် ခံစားနေကျခံစားမှုမျိုးမဟုတ်ဘူး…

သူခေါင်မိုးထပ်ကနေ ဆင်းဆင်းချင်း ကျင်ရွှင်ကသူ့ဘေးမှာရှိနေတဲ့ သံတံခါးကြီးကို တိုက်ရိုက်ဆွဲဖွင့်ကာ မှောင်မည်းနေတဲ့ကော်ရစ်တာရဲ့အတွင်းတစ်လျှောက်ကို လျှောက်သွားသည်။

ဒီနေရာက ဘားတစ်ခုမှန်းသူသိသည်။

အဆုံးမှာတော့ ဒါကအဓိကဇာတ်ကောင်ရဲ့ ကံကြမ္မာပြောင်းလဲတဲ့နေရာဖြစ်ပြီး ဒီဇာတ်ဆောင်က ပထမဆုံးအကြိမ် မတရားကျင့်ခံရတဲ့ နာမည်ကြီးဇာတ်ကွက်လည်း ပါဝင်သည်။ သိပ်မကြာသေးခင်က စီနီယာဖေက သူ့ကိုဒီအကြောင်းပြောခဲ့ပြီး စီနီယာ2က ဝတ္ထုထဲကဒီနေရာမှာ ဘာတွေဖြစ်ခဲ့မှန်းကို အသေးစိတ်ပြောပြခဲ့သည်…

ဇာတ်လမ်းက အဆောက်အဦးပေါ်ကနေ ခုန်ချပြီးနောက်မှာ မပြီးသွားဘူး။

--သူခေါင်မိုးထပ်ကိုမလာခင် ဒီဇာတ်ကောင်က ဆန်ကုန်မြေလေးgongရဲ့ သူငယ်ချင်းတွေကမ်းပေးတဲ့ရေကို သောက်ခဲ့တယ်
အဲ့တာက တစ်စုံတစ်ခုထည့်ထားတဲ့ ရေခွက်ပဲ။

သူက ဆင်းရဲဟန်ဆောင်ထားတဲ့ ဆန်ကုန်မြေလေးgongလိုက်တာကို ခံရချိန်တုန်းက မူလကိုယ်ယန်ကျင်ရွှင်က ဘွဲ့မရခင်သူတို့အချစ်တွေက ဖွံ့ဖြိုးလာပြီး လက်ထပ်မယ်၊ ပြီးရင် သာမန်စုံတွဲတွေလိုမျိုး သူတို့ရဲ့ဘဝကို တူတူကုန်ဆုံးကြမယ်ဆိုပြီး ရူးရူးမိုက်မိုက်တွေးခဲ့ဖူးသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now