Chapter 3✰Edited

13.3K 1.5K 52
                                    

Unicode

Chapter 3 : သူ့ကိုရှာ

မနက်ခင်းငါးနာရီတွင် ကျင်ရွှင်ကလမ်းမထက်မှာပေါ်လာသည်။

မူလကိုယ်ရဲ့မှတ်ဉာဏ်အရ သူက ကျောင်းကိုရထားစီးပြန်ဖို့ရည်ရွယ်ကာ ရထားဘူတာရှိရာသို့ လာခဲ့ခြင်းပင်။

ဒါကကျင်ရွှင်ရဲ့ပထမဆုံးအကြိမ်ရထားစီးဖူးခြင်းဖြစ်သည်။

အတိတ်မှာတုန်းက တက္ကသိုလ်ပရိဝုဏ်နဲ့ ဆေးရုံကလွဲပြီး အပြင်လောကကြီးအကြောင်း ကျင်ရွှင်သိတဲ့အရာ မရှိသလောက်ပင်။

--သူကအပြင်ထွက်ခဲသည် ထွက်ဖြစ်ခဲ့ရင်တောင် အမြဲတမ်းကားတစ်စီးက လာကြိုပေးတာပင်။

သေချာတာပေါ့ အဲ့ဒါကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်ပဲ။

သို့ပေမဲ့ ကံကောင်းစွာနဲ့ တစ်ညတာကျော်လွန်ပြီးနောက်မှာ သူကမူလကိုယ်ရဲ့မှတ်ဉာဏ်တွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီး အချို့အချက်အလက်တွေကို ရရှိခဲ့တာကြောင့် သူ ဒီကမ္ဘာနဲ့ပတ်သက်ပြီး နလပိန်းတုံးတစ်ယောက်လို ဖြစ်မနေတာပင်။

အခုသူကူးပြောင်းလာပြီးပြီဆိုမှတော့ သူဒီကမ္ဘာမှာအခြေကျကျနေထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

မနေ့က သူ့ကိုယ်သူရေချိုးခန်းမှန်ထဲမှာ ကြည့်ခဲ့၏။

သူအံ့သြသွားရတာက မူလကိုယ်ရဲ့အသွင်အပြင်ဟာ သူနဲ့အတိအကျကို တူညီနေတာပင်၊ သူ့မျက်လုံးထောင့်က မျက်ရည်ခံမှဲ့တောင်မှ တစ်နေရာတည်းမှာပဲ။

ကွဲပြားခြားနားချက်ဆိုလို့ ဒီခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက သူ့ထက်အများကြီးပိုကောင်းတာပင်။

ခန္ဓာကိုယ်နဲ့ အသားအရောင်ကလည်း ပိုပြီးကျန်းမာတယ်…သူတစ်ညလုံးတောင် လူးလှိမ့်နေနိုင်ခဲ့တာဆိုတော့ သူက ကောင်းမွန်တဲ့ကိုယ်လုံးကိုယ်ပေါက်ကို ရရှိခဲ့ကြောင်း အရာအားလုံးကသက်သေပြနေသည်။

အခု သံသယရှိစရာမလိုပဲ သူကယန်ကျင်ရွှင်ဖြစ်နေပြီ။

မနက်စောစော ဘူတာရုံမှာလူများစွာရှိနေပေမဲ့ ပြည့်ကျပ်နေတာမျိုးတော့ မဟုတ်ဘူး။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now