Chapter 33

14.6K 2.4K 70
                                    

Zawgyi

[Lilac’s Note-အရှည်ကြီးမို့အဝဖတ်ကြပါ၊ ပြီးတော့ဖြည်းဖြည်းဆဲကြပါ>ဝ<
စလုံားပေါင်းမှားရင်သည်းခံပေးကြပါ စစ်တော့စစ်ထားပေမယ့်အများကြီးဆိုတော့မျက်စိသျှမ်းသွားတာမျိုးရှိနိုင်ပါတယ်❣️]

နျဲ့ယန်တုန်းက ရှန်ရိကျင်းနဲ့စကားအနည်းငယ်ပြောပြီး ကြည့်ရတာ သူ့အနောက်ကလူအနည်းစုကို ဥက္ကဋ္ဌရှန်နဲ့တစ်ယောက်ချင်းစီ မိတ်ဆက်ပေးချင်နေပုံပင်။

သို့ပေမယ့် ရှန်ရိကျင်းက ဒီအချိန်မှာ သူအခြားလုပ်စရာတွေရှိသေးတာမို့ အဆင်မပြေဟုပြောခဲ့သည်။ ထိုလူအနည်းငယ်က စဉ်းစားချင့်ချိန်တတ်ကာ သူတို့နောက်တစ်ကြိမ်မှပဲ ဥက္ကဋ္ဌရှန်ဆီ တရားဝင်လာရောက်လည်ပတ်ပါဦးမယ်ဟုပြောပြီး သူတို့ကိုဆက်မနှောင့်ယှက်တော့ပေ။

အုပ်စုက လူစုကွဲသွားပြီး ကျင်ရွှင်ကလည်း သဘာဝကျကျပဲ ညစာစားဖို့ရှန်ရိကျင်းရဲ့အထဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

နှောင့်ယှက်ခံရတာကနေ ကာကွယ်ဖို့အတွက် ရှန်ရိကျင်းက သီးသန့်ခန်းကိုရွေးခဲ့သည်။

ဒီနေ့သူတို့က Cantonese cuisineကိုစားခဲ့သည်။ သူတို့မှာတဲ့ဟင်းလျာတွေက အဓိကအားဖြင့် ညစာအတွက်သင့်လျော်တဲ့ ပေါ့ပါးပြီးကျန်းမာရေးအတွက်ကောင်းတာတွေဖြစ်သည်။

[*Cantonese cuisineဆိုတာက တရုတ်ပြည် ကွမ်တုံးစီရင်စု၊ အထူးသဖြင့် ကွမ်ကျိုးမြို့တော်နဲ့အနီးတစ်ဝိုက်က အစားအစာကိုပြောတာပါ]

စားနေစဉ်အတွင်း တစ်ဖက်လူက ကျင်ရွှင်ကို စာမေးပွဲဘယ်လိုနေလဲဟုမေးခဲ့သည်။

သူပြန်ဖြေလိုက်၏။ “နောက်ဆုံးတစ်ခုက ဒီနေ့ပဲပြီးသွားတာ”

ရှန်ရိကျင်း : “ ဒါဆိုရှောင်ရွှင်က အပန်းဖြေအားလပ်ရက်ရပြီပေါ့ ”

“ စာမေးပွဲပြီးတဲ့နောက် အပန်းဖြေတာနဲ့တူညီတဲ့ သွားစရာဘာညာလည်းမရှိပါဘူး။ ဒါပေမယ့် အုပ်စုပရောဂျက်က လက်စသတ်ဖို့နောက်နှစ်ရက်သုံးရက်လောက်တော့ ကြာဦးမယ်”

“အိုကေ”

ကျင်ရွှင်မေးလိုက်သည်
“ ဘာဖြစ်လို့လဲ ရှဲန်းရှန်”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now