Chapter 65

12.2K 2.1K 76
                                    

//Zawgyi//

Chapter 65 : ကျင်းကောရဲ့ဇနီး

ရက်အနည်းငယ်ကြာပြီးနောက် အဘိုးရှန်က Sမြို့တော်ကနေ Dragonမြို့တော်ကို ပြန်လည်ရှောက်ရှိလာပြီး ကျင်ရွှင့်ကို ရှန်မိသားစုဆီလာလည်ရန် တရားဝင်ဖိတ်ကြားလာခဲ့သည်။

နှစ်ရက်ကြာပြီးရင် အဘိုးရှန်ရဲ့မွေးနေ့ဖြစ်ကာ သူတို့…လက်ထပ်မှာကိုကြေညာမှာလည်းဖြစ်သည်။ ရှန်ရိကျင်းရဲ့အခြားမိသားစုဝင်တွေကိုတွေ့ရန် သူတို့ရှန်မိသားစုအိမ်ကိုသွားခဲ့ကြ၏။

ကျင်ရွှင်မှာ ငြင်းဆန်စရာမရှိပေ။

အရင်တစ်ခေါက် Sမြို့တော်မှာ အဘိုးရှန်ကိုသွားတွေ့တုန်းကတော့ သူစိတ်လှုပ်ရှားနေခဲ့သေးသည်။ ဒါပေမဲ့ရှန်မိသားစုအိမ်ဝင်းဆီသွားလည်တာအတွက်ကတော့ ကျင်ရွှင်ဘာမှမခံစားရပေ။

အဓိကအကြောင်းအရင်းကတော့ သူအဘိုးရှန်ကိုတွေ့ဆုံခဲ့ပြီးပြီဖြစ်ကာ တစ်ဖက်လူက ဘယ်လောက်တောင်ဖော်ရွေလဲဆိုတာကို မြင်ပြီးပြီမို့ ထပ်ပြီးတော့စိတ်လှုပ်ရှားတာမျိုး၊ ကြောက်လန့်နေတာမျိုးမခံစားရတော့ပေ။

ရှန်မိသားစုရဲ့ကျန်လူတွေအတွက်ကတော့ ရှဲန်းရှန်ကတစ်ခါမှထည့်မပြောဖူးတော့ ကျင်ရွှင်လည်း သိပ်အများကြီးတွေးမနေပေ။

သူက အဘိုးရှန်ကိုတွေ့ဖို့ ရှန်အိမ်တော်ကိုသွားတာဖြစ်ပြီး အလွန်ဆုံးမှ ရှန်ရိကျင်းရဲ့မိထွေး ရှန်ပေါ်ဟန်ရဲ့အမေကို တွေ့မိရုံပေါ့။

ဒါပေမဲ့ ရှန်မိသားစုအိမ်ကိုရောက်ပြီးနောက်မှာ “အိမ်ထောင်စုကြီး”က ဘာကိုဆိုလိုမှန်း ကျင်ရွှင်သဘောပေါက်သွားသည်။

ရှန်မိသားစုရဲ့အဓိကနေထိုင်ရာက လေးခုမြောက်အဝိုင်းလမ်းရဲ့အစွန်မှာ တည်ရှိတာဖြစ်ပြီး ဒါက ဆင်ခြေဖုံးတစ်ခုမဟုတ်သော်ငြား စတုရန်းမီတာထောင်ပေါင်းများစွာထက်မနည်းသော ဧရိယာဖြင့် ဖုံးလွှမ်းထား၏။

အများအားဖြင့် မင်းလမ်းလျှောက်ဖြတ်သွားပြီး ခြံစည်းရိုးအတွင်းကိုကြည့်လိုက်ချိန် စိမ်းစိုသောသစ်ပင်တွေရဲ့ဧရိယာကြီးဖြင့် ဝန်းရံထားသော မြက်ခင်းစိမ်းစိမ်းကိုသာလျှင် တွေ့မြင်နိုင်သည်။ မသိတဲ့လူတွေက ဒါကိုပန်းခြံအသေးစားလေးလို့ပဲထင်ကြလိမ့်မယ်

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now