Chapter 62

14.4K 2.2K 114
                                    

//Zawgyi//

Chapter 62 : မျက်နှာဖြတ်ရိုက်ခြင်း + သူက ရှန်ရိကျင်းရဲ့လက်တွဲဖော်ဖြစ်နေတာကြောင့် မဟုတ်ဘူး

ကျင်ရွှင်က အဝတ်လဲပြီးထွက်လာချိန် အခြားသူတွေရဲ့အမူအရာက သူ့ကိုမြင်လိုက်တဲ့အခါ ပြောင်းလဲသွားကြတယ်လို့ ခပ်ရေးရေးခံစားမိသည်။ သို့ပေမဲ့ ဒါကကိစ္စမရှိပေ၊ ကျင်ရွှင်က ခုနကမှ ရှဲန်းရှန်နဲ့သဘောတူညီချက်လုပ်ခဲ့တာမို့ သူ့နှလုံးသားထဲမှာ အတော်လေးပီတိဖြာနေရာ ဒီလိုသေးသေးမွှားမွှားအသေးစိတ်လေးတွေကို သိပ်ပြီးဂရုစိုက်မနေပေ။

မြင်းစီးတာက အတော်လေးစိတ်ဝင်စားစရာကောင်းသည်။ အရင်က သူတစ်ခါမှမြင်းမစီးခဲ့ဖူးပေမယ့် လက်ရှိ ကျွမ်းကျင်နည်းပြနဲ့ရှန်ရိကျင်းရှိနေတာကြောင့် ကျင်ရွှင်က အလွယ်တကူပဲ တာပတ်အနည်းငယ်လောက် စီးနိုင်သွားသည်။

ညနေခင်းမှာ ရှန်ရိကျင်းနဲ့ကျင်ရွှင်က ဥက္ကဋ္ဌနျဲ့ရဲ့ဖိတ်ကြားမှုကို ငြင်းပယ်ကာ ညစာအတွက်မနေခဲ့ကြပေ။

သူတို့မှာ ပိုပြီးအရေးကြီးတဲ့လုပ်စရာတွေ ရှိသေးတယ်။

သူတို့က မူလကိုယ်ရဲ့မွေးရင်းအဖေကို လက်ခံရမယ့် ရိဝေ့နည်းပညာအဆောက်အဦးတစ်လျှောက်ပြန်မောင်းလာကြသည်။

မွန်းလွဲပိုင်းတုန်းက ယန်ကွမ်ကျိုးက ဖုန်းခေါ်ပြီး ကျင်ရွှင်နဲ့တွေ့ဖို့ရန် ပြောလာသည်။ ကျင်ရွှင်က အစောကတည်းက ယန်မိသားစုနဲ့ပတ်သက်တဲ့အကြောင်းကို ရှန်ရိကျင်းနဲ့ဆွေးနွေးခဲ့ပြီးပြီဖြစ်တာကြောင့် ဖုန်းလက်ခံရတဲ့အခါ ယန်ကွမ်ကျိုးကို စကားပြောရန်အတွက် ရိဝေ့နည်းပညာထံ တိုက်ရိုက်ပဲဖိတ်လိုက်သည်။

ယန်ကွမ်ကျိုးက သူဘာလို့နည်းပညာကုမ္ပဏီမှာ တွေ့ဖို့ကမ်းလှမ်းမှန်းမသိပေမဲ့ လူတိုင်းသိကြတဲ့အတိုင်း ရိဝေ့ကိုရှန်ရိကျင်းတည်ထောင်ထားတာလေ။ သူက နဂိုတည်းက ကျင်ရွှင်ကနေတစ်ဆင့် ရှန်ရိကျင်းနဲ့ထိတွေ့ဆက်ဆံချင်နေတာမို့ ဒီလိုအခွင့်အရေးမျိုးရောက်လာတဲ့အခါ ငြင်းဆန်ရန်အကြောင်းအရင်းမရှိပေ။

သူ ရိဝေ့နည်းပညာကို ဝင်ဝင်ချင်း ယန်ကွမ်ကျိုးက ပရော်ဖက်ရှင်နယ်အဝတ်အစားနဲ့ မိန်းမငယ်လေးရဲ့ ဓာတ်လှေကားထဲလိုက်ပို့ခြင်းခံလိုက်ရသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now