Chapter 73

12.1K 1.8K 108
                                    

//Zawgyi//

Chapter 73: ကိုယ်က မင်းတစ်ယောက်တည်းအတွက်ပဲ ခံစားချက်ရှိတာ
______________________

နောက်တော့ ကျင်ရွှင်က *သူ့ကိုယ်သူဖိနပ်စီးဖို့ တွန်းအားပေးကာ Mr.ဗီလိန်က ထိုအရာကိုတစ်ကယ်လုပ်နိုင်လောက်တယ်ဟု နက်နက်နဲနဲခံစားနေမိသည်။

[*လမ်းလျှောက်ဖို့ ]

သို့ပေမဲ့ ရှန်ရိကျင်းက စည်းကမ်းတွေသိတဲ့ယဉ်ကျေးရည်မွန်တဲ့သူပင်။ ဤမြင့်မြတ်လေးနက်တဲ့ကျောင်းဝင်းအတွင်းမှာ နေရာ၌လက်ငင်းဒီအရာကို သူခံစားလို့မရလောက်မှန်း အမှုထားတွေးတောခဲ့၏။

သို့သော် ကျောင်းဝင်းမှာရှိနေတာက အိမ်နဲ့လည်းနီးနေတယ်လို့ဆိုလိုတာပဲလေ…

အိမ်ပြန်တဲ့လမ်းမှာ ကားက ကျောင်းဝင်းအတွင်းရှိ စိမ်းလန်းစိုပြည်ချောင်ကျသောသစ်တောအုပ်လေးကို ဖြတ်ကျော်သွားတဲ့အချိန် ကျင်ရွှင့်မျက်နှာက အရှက်မရှိ ဆက်ပြီးပူလောင်လာသည်။

ရှန်ရိကျင်းက ဒရိုင်ဘာကို …*လိမ္မော်ရောင်စတိုးဆိုင်ရဲ့ဝင်ပေါက်မှာ ရပ်ဖို့ညွှန်ကြားလိုက်ချိန် ကျင်ရွှင့်ပါးပြင်က လုံးလုံးကိုနီရဲသွားတော့သည်!

[*လူကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်ခွဲಠ_ಠ]

…ဒီအချက်နဲ့တင် သူရှဲန်းရှန်ကိုတကယ်ကြီးလေးစားသွားပြီ

သူလုပ်နေတာကဘာပဲဖြစ်နေဖြစ်နေ ရှဲန်းရှန်မျက်နှာက နီလည်းမနီသလို ဖြူလည်းမဖြူသွားဘူး။

တစ်ဖက်လူက ကားထဲကနေထွက်ကာ ပစ္စည်းပစ္စယတွေဝယ်ရန် စတိုးဆိုင်ထဲကို တစ်ယောက်တည်းဝင်သွားချိန်ကစလို့ ပလတ်စတစ်အိတ်ကြီးနဲ့ပြန်လာတဲ့အချိန်ထိ သူ့အမူအရာကမပြောင်းရုံသာမကဘဲ သူ့အသားအရောင်ကတောင် တူညီစွာကျန်ရှိနေတုန်းပဲ။

ခြေတံရှည်တွေနဲ့အတူ ကားထဲကို သူအလွယ်တကူဝင်လိုက်၏ ရှန်ရိကျင်းရဲ့အမူအရာက တည်ငြိမ်ပြီးအားရကျေနပ်နေသည်။

ကျင်ရွှင်က ရှဲန်းရှန်သယ်လာတဲ့အိတ်ထဲက အရာတွေအတွက်ဖြည်းဖြည်းချင်းခေါင်းလှည့်လိုက်ပေမဲ့ သူအတွင်းဘက်ကို မကြည့်ဝံ့ပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now