Chapter 53

14.4K 2.5K 117
                                    

//Zawgyi//

Ch53 : ဒါဘယ်သူလဲဆိုတာ မင်းသိလား?

ရှန်ရိကျင်းသူ့ဆီယူလာပေးတဲ့ အချက်အလက်တွေကိုကြည့်ပြီး သူဖြေရှင်းနိုင်တဲ့ပြဿနာအချို့ကို ရှာပြီးနောက် ကျင်ရွှင်က ဓာတ်ခွဲခန်းအများအပြားဆီ ဥက္ကဋ္ဌရှန်ရဲ့ခေါ်သွားခြင်းခံခဲ့ရသည်။

အဲ့နောက် သူဘယ်မေးခွန်းကိုမဆို ဖြေနိုင်တယ်ဆိုတဲ့သတင်းက တစ်နည်းတစ်ဖုံဖြင့် တောမီးလိုပျံ့နှံသွားသည်။

ဒါက ဒီနှစ်ရက်အတွင်း ကျင်ရွှင်အရမ်းအလုပ်များနေရတဲ့အကြောင်းအရင်းပင်။

လူတွေအများကြီးက မေးခွန်းမေးဖို့လာခဲ့ပေမယ့် သူနှစ်ရက်သာအလုပ်ရှုပ်ပြီး အဲ့နောက် အခြေအနေက သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

အဆုံးမှာတော့ ရောမကို တစ်ရက်တည်းတည်ဆောက်ခဲ့တာမှမဟုတ်ဘဲ၊ ပရိုဂရမ်တွေနဲ့ မော်ဒယ်လ်တွေလည်း တူတူပဲပေါ့။ အားလုံးက အချိန်လိုအပ်တယ်လေ။

သူက algorithmနဲ့ မော်ဒယ်လ်တွေအတွက် အကူအညီအချို့ပဲပေးနိုင်ပြီး အကောင်အတည်ဖော်ဆောင်ရွက်ဖို့က ဓာတ်ခွဲခန်းတစ်ခုချင်းစီရဲ့ ဝန်ထမ်းအားလုံးလုပ်ဆောင်ရမှာဖြစ်သည်။

ပြီးတော့ အလုပ်လုပ်ချိန်မှာလည်း ကျင်ရွှင်က အရမ်းကိုပူပင်ကြောင့်ကြမဲ့သည်။

သူကြိုက်တဲ့အရာကို သူအကောင်းဆုံးလုပ်တယ် ဂိမ်းတစ်ခုကစားနေသလိုပဲ၊ ဒါ့ကြောင့် သူမကြာခဏအနားယူဖို့မေ့တတ်သည်။ ရှန်ရိကျင်းက သူ့ကိုကွပ်ကဲကာ နားချိန်ယူဖို့ သတိပေးနေရသည်။

ဒါပေမယ့် ဒီအရာကြောင့် ကျင်ရွှင့်ရဲ့အလုပ်ခရီးရောက်မှုက အံ့သြစရာပင်။

သူကတစ်ချိန်တည်းမှာပဲ ဓာတ်ခွဲခန်း သုံးလေးခုကို လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့နဲ့ ဒေတာတွေလုပ်ဖို့ ကူညီပေးနိုင်သည်။ သူက သိသိသာသာခက်ခဲပြီး စိန်ခေါ်ရတဲ့တာဝန်တွေကို လွှဲယူရုံမကဘဲ ဘယ်သူ့ရဲ့အလုပ်ကိုမှ မနှောင့်နှေးစေခဲ့ပေ။

ဒါ့ကြောင့်ပဲ တဖြည်းဖြည်းနဲ့ကျင်ရွှင်က ကုမ္ပဏီမှာ ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now