Chapter 75

11.1K 1.7K 39
                                    

//Zawgyi//

Chapter 75 : Happy birthday + ကြယ်ကြွေခြင်း

____________________

{Note-ကြယ်ကြွေတာလည်းဟုတ်သလို ဥက္ကာခဲ၊ဥက္ကာပျံကြွေတာလည်း ဟုတ်ပါတယ်၊ ကိုယ်ကြယ်ကြွေတာလို့ပဲသုံးထားပါတယ်}

အဖြူရောင်ကိတ်အိအိက နှစ်ထပ်ဖြစ်ကာ တိရစ္ဆာန်ဥယျာဉ်ပုံစံလေးဖြင့် အလှဆင်ထားသည်။ ၎င်းအပေါ်၌ ချစ်စရာတိရစ္ဆာန်လေးတွေအုပ်စုလိုက်ရှိနေကာ အမူအရာတစ်ခုချင်းစီတိုင်းကို အသေးစိတ်ပုံဖော်ထားရာ အလွန်အမင်းအသက်ဝင်လှ၏။ ဒါ့အပြင် ထိုဟာအပေါ်၌ တကယ့်အစစ်နဲ့တူတဲ့အပင်စိမ်းလေးတွေအများကြီးရှိသေး၏။

……

ရုပ်ရှင်ထဲမှာ အမျိုးသားဇာတ်လိုက်ရဲ့လုပ်ဖော်ကိုင်ဖက်စကားအရ ဒါက ကြီးပွားချမ်းသာခြင်းရဲ့သင်္ကေတတဲ့။

ဒီအချိန်မှာ ကျင်ရွှင့်ရှေ့မှောက်ရှိကိတ်က ထိုရုပ်ရှင်ထဲကကိတ်နဲ့ တထေရာတည်းပင်။

ကိတ်နဲ့ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကွက်အများကြီးမပါခဲ့ပေမဲ့ ကျင်ရွှင်မှတ်မိနေဆဲပင်။

ဒီကာလအတွင်းမှာ နေ့လည်ခင်းလက်ဖက်ရည်အချိန်၌ သူ မကြာခဏပင် အတွင်းရေးမှူးမီ၊ လက်ထောက်ရှောင်ထန်းတို့နဲ့ အချိုမုန့်လေးတွေ ဖလှယ်ခဲ့ကြတာမို့ ကျင်ရွှင်လည်းအများကြီးသင်ယူခဲ့မိ၏။

သူအကြမ်းဖျင်းခန့်မှန်းရရင် ဒီကိတ်ကြီးရဲ့ထုတ်လုပ်မှုတစ်ခုတည်းကတင် သုံးရက်လောက်ကြာလောက်တယ်၊ အပေါ်ပိုင်းအပြင်အဆင်တွေနဲ့ အလှဆင်တာတွေပါ ထပ်ပေါင်းရင်တော့…

ရှန်ရိကျင်းက တော်တော်ကြာကတည်းက ပြင်ဆင်မှုတွေစလုပ်ခဲ့တာမှန်း သက်သေပြဖို့ ဒါကလုံလောက်နေပါပြီ။

အဲ့နေ့သူတို့ရုပ်ရှင်ကြည့်ပြီးတဲ့နောက်နေ့မှာပဲ ရှဲန်းရှန်က သူ့အတွက်မွေးနေ့ပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာလည်းဖြစ်နိုင်သည်။

“ ဒါကို ပြင်ဆင်ပေးထားတဲ့မွေးနေ့ပွဲအနေနဲ့ တွေးကြည့်လိုက်” ရှန်ရိကျင်းက သူ့နားထဲဝယ်ပြောလာသည်။

ကျင်ရွှင်မော့ကြည့်လိုက်တော့ တစ်ဖက်လူရဲ့ခါးဖြောင့်ဖြောင့်က အနည်းငယ်ကိုင်းသွားကာ သူ့နားရွက်ဆီ ကိုယ်တစ်ဝက်ယိုင်လာပြီး အလေးအနက်ပြောလာသည် : “အခုကစပြီး ကိုယ်မင်းအတွက် နှစ်တိုင်းပြင်ဆင်ပေးမယ်”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now