Chapter 30

15.7K 2.6K 146
                                    

//Zawgyi//

“ဘော့စ် စက်ဘီးရောက်လာပြီ”

သူတို့လာနေတာကိုမြင်တော့ ရှောင်ထန်းကအလျင်အမြန်ပဲမိတ်ဆက်ပေးလာသည် :
“ ဒါကို ကျွန်တော်မနှစ်ကရခဲ့တာ.. သိပ်မစီးရသေးဘူး။ ဒါကို သန့်စင်တဲ့တိုင်တေနီယမ်သတ္တုစပ်၊ carbon fiberတွေနဲ့ပြုလုပ်ထားပြီး လုံးဝကိုဘေးကင်းစိတ်ချရတယ်။ ကျွန်တော်ဒီဟာအတွက် ယွမ်တစ်သောင်းတောင်သုံးခဲ့ရတာ…”

“အိုကေ”

ရှန်ရိကျင်းက စက်ဘီးကိုတစ်ချက်ကြည့်ကာ
“ငါပြောခဲ့သလိုပဲ ဟိုPorscheက မင်းဟာဖြစ်သွားပြီ ၊ သော့ကကျင်းကျဲ့ဟိန်ဆီမှာ။ အချိန်ယူပြီးလိုက်မောင်းကြည့်ပေါ့ ”

[Lilac-အစ်ကိုကြီးရေ ဒီက လီလက်လေးရဲ့စက်ဘီးနဲ့လဲမယ်လေ ><]

“ဘော့စ်!”

လက်ထောက်ရှောင်ထန်းရဲ့အမူအရာ မျက်လုံးမှိတ်ထားရင်တောင်မြင်နိုင်တဲ့ အပြုံးအဖြစ်ပြောင်းသွားသည်။ သူက သူ့အပြုံးကိုဖိနှိပ်ထားကာ အလွန်ကိုချိုသာစွာဖြင့်
“ ဘယ်လိုလုပ် ကျွန်တော်က ဘော့စ်ရဲ့ကားကိုယူနိုင်မှာလဲ? ကျွန်တော့်အစ်ကိုကြီးသာသိသွားရင် သူကျွန်တော့်ကိုသတ်လိမ့်မယ်…ကျွန်တော်ရက်အနည်းငယ်လောက်ပဲမောင်းကြည့်ပြီး ပြန်လာပို့ပေးပါ့မယ်”

ရှန်ရိကျင်းက ဘာမှပြန်မပြောဘူး ကြည့်ရတာ ဒီကိစ္စကိုစာရင်းထဲ လုံးဝထည့်ထားပုံမပေါ်ပေ။ သူက စက်ဘီးကိုကိုယ်တိုင်ကိုယ်ကျ သွားစစ်ဆေးကြည့်လိုက်သည်။ အမှန်တကယ်ကိုဘာပြဿနာမှမရှိဘူးဆိုတာ ခံစားမိတော့ သူရှောင်ထန်းကိုပြောလိုက်သည် :
“ မင်းအလုပ်သွားလို့ရပြီ”

“ဟုတ်ကဲ့”

ထွက်မသွားခင်မှာ ရှောင်ထန်းက ကျင်ရွှင်ကိုမျက်စိမှိတ်ပြခဲ့သည်။

အလိုလေး…ဘော့စ်မှာဒီလိုရိုမန့်တစ်ဆန်တဲ့အခိုက်အတန့်ရှိလာလိမ့်မယ်လို့ သူမထင်ထားဘူး…မနေ့က ဘော့စ်ကသူ့ကိုဖုန်းခေါ်ပြီး သွားလာရေးအတွက် သူ့Volkswagen santanaနဲ့ Porscheကို လဲလှယ်ချင်တယ်လို့ပြောလာခဲ့သည်။ ရှောင်ထန်းက တစ်ခဏလောက်ကြက်သေသေသွား၏။

[Lilac-Volkswagen santanaက ရှောင်ထန်းရဲ့ကားပါ။ အဲ့တာက ပိုပြီးတော့သာမန်ဖြစ်တယ်လေ]

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now