Chapter 67

11.9K 2K 128
                                    

//Zawgyi//

Chapter 67 : ကျင်းကောရဲ့ဇနီးလေး*

[*ဒီအခန်းမှာသုံးထားတဲ့ဇနီးက Chapter65တုန်းကဟာနဲ့ကွဲပြားပါတယ်။ Chapter65မှာ ရှန်ရိကျင်းက 老婆[lǎo pó]ဆိုတဲ့စကားလုံးကိုသုံးခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူက သူ့ဇနီးသည်ကို ခေါ်ရာမှာအသုံးပြုပါတယ်။ ရှောင်ရင်ရင်ကတော့ 媳妇儿[xí fù ér] ဆိုတဲ့စကားလုံးကိုအသုံးပြုပြီး မြောက်ပိုင်းဒေသိယစကားအရ ဇနီးလို့လည်း အဓိပ္ပါယ်ရသလို လက်ထပ်ထားတဲ့မိန်းမပျိုငယ်လေးလို့လည်း အဓိပ္ပါယ်ရပါတယ်]

*ရှောင်ရင်ရင်ဘယ်သူလဲဆိုတာတော့ ကိုယ့်ဘာသာပဲဒီအပိုင်းကိုဖတ်ကြည့်လိုက်ကြပါတော့😽

###

ဂိမ်းတွေနဲ့ ဂိမ်းထဲရှိရွှေတွေကို ကျင်ရွှင်ကူးပြောင်းမလာခင်တုန်းက စီနီယာအစ်ကိုတွေ၊အစ်မတွေက မကြာခဏပြောဖူးကြသည်။ သူသိပ်မကစားဖူးပေမဲ့လည်း ဂိမ်းကုမ္ပဏီတွေအတွက် ပရိုဂရမ်အသေးအချို့လုပ်ပေးဖူးသည်။ သူကအမြဲတမ်းလူထုနဲ့ဈေးကွက်ကို နားလည်ဖို့လိုအပ်တာမို့ ဒီနယ်ပယ်နဲ့မစိမ်းသက်နေပေ။

သူမမျှော်လင့်ထားတာက Dragonမြို့တော်ရဲ့စီးပွားရေးအင်ပါယာအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ရှန်ရိကျင်းက ဒါကိုမကြားဖူးဘူးဆိုတာပဲ။

ကျင်ရွှင် : "...ဒီတော့ ရှဲန်းရှန်က အွန်လိုင်းဂိမ်းတွေကို တစ်ခါမှမဆော့ဖူးဘူးလား...အဲ့ဒါနဲ့ဆက်နွယ်နေတဲ့ဟာတွေလည်း မကြားဖူးဘူးပေါ့?"

ရှန်ရိကျင်းကပြန်ဖြေ၏ : "မဆော့ဖူးဘူး"

"......"

ကောင်းပြီ Mr.ဗီလိန်လို WeChatသိပ်မသုံးတဲ့လူတွေအတွက် ဂိမ်းမကစားဖူးတာက ပုံမှန်ပါပဲ။ ပြီးတော့ ဒီလိုရေပန်းစားအင်တာနက်အခေါ်အဝေါ်မျိုး သူမကြားဖူးတာကလည်း ပုံမှန်ပဲ

"ရှောင်ရွှင်က အဲ့ဒါကိုလုပ်ချင်လို့လား?"

ရှန်ရိကျင်းက ရုတ်ခြည်းထမေးလာသည်။

ကျင်ရွှင် : ...?!

"လုပ်..ဘာကိုလုပ်တာလဲ?"

ရှော့ခ်ရစွာဖြင့် သူမေးလိုက်၏။ သေသပ်၊သပ်ရပ်သောအနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရှန်ရိကျင်းနဲ့သူ့ကိုယ်သူအားကြည့်ရင်း ဒါကအတော်လေးမမှန်ဘူးလို့ ခံစားရသော်ငြားလည်း သူမနေနိုင်ဘဲသိချင်လာမိသည်၊ စေ့စပ်ပွဲနေ့မနက်ခင်းမှာ ရှဲန်းရှန်ကနောက်ဆုံးတော့ _လုပ်ဖို့ခံစားချက်ရှိလာပြီလားဆိုတာ...

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now