Chapter 38

15.3K 2.7K 192
                                    

//Zawgyi//

ချက်ချင်းတစ်ဖက်ကိုလှည့်လိုက်တော့ လူငယ်လေးက သူ့ကိုယ်သူရေချိုးကန်ထဲမှာ ဘောလုံးလေးလိုကွေးထားတာအား ရှန်ရိကျင်းမြင်လိုက်ရသည်။

ကြည်လင်နေတဲ့ရေထဲမှာ လူငယ်လေးက သူ့ကိုယ်သူတင်းကျပ်စွာပွေ့ဖက်ထားသည်။

အစကလို သတိလက်လွတ်ဖြစ်နေတာမျိုးမဟုတ်တော့ဘဲ သူ့ကိုယ်သူမြဲမြံစွာဖုံးအုပ်ထားကာ စိုစွတ်နေတဲ့ဆံပင်နက်လေးတွေက အောက်ကိုကပ်တွယ်ကျနေသည်။ သူကခေါင်းကိုတစ်ဝက်လောက်ပဲမော့ထားပြီး ဗလုံးဗထွေးပြောနေသည် : “ မဟုတ်ဘူး ကောင်လေးတင်မဟုတ်ဘူး ငါတို့ကမကြာခင်လက်ထပ်တော့မှာ! ငါ့မှာခင်ပွန်းလောင်းရှိနေပြီ! ငါ့ခင်ပွန်းလောင်းကအရမ်းကိုအံ့သြဖို့ကောင်းတာ…ငါတို့ကတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာ!”

“ကျင်ရွှင်”

ပြန်လှည့်ပြီးနောက် ရှန်ရိကျင်းက မသိစိတ်အလျောက်ရှေ့တစ်လှမ်းတိုးပြီးပြီဖြစ်ကာ ရေချိုးကန်ဆီခြေလှမ်းနှစ်လှမ်းသုံးလှမ်းဖြင့်ပြန်သွားလိုက်သည်။

ရှန်ရိကျင်းရဲ့လည်ချောင်းက နှစ်ကြိမ်တိုင်တိုင်လှုပ်ရှားသွားသည်။ သူ့လက်မောင်းတွေက ရှည်လျားကာ ရေချိုးကန်ကကြီးတယ်ဆိုရင်တောင်မှ သူကလူငယ်လေးကို ဘေးဘက်ကနေ သူ့ဘက်ခြမ်းရောက်လာအောင် အလွယ်တကူ သူ့လက်မောင်းနဲ့လှမ်းဆွဲနိုင်သည်။

ဒါပေမယ့် ဒီအချိန်မှာ ဆန့်ထုတ်ထားတဲ့လက်တွေက ဘယ်နေရာမှာအခြေချရမယ်မှန်း မသိပေ။ရှန်ရိကျင်းက ခေါင်းငုံ့ကာ တစ်ဖက်လူရဲ့နှင်းဆီရောင်နှုတ်ခမ်းပါးတွေဆီ အနမ်းတစ်ပွင့်သက်ဆင်းလိုက်သည်။

“ရှောင်ရွှင် ကိုယ့်ကိုကြည့်”

ရှန်ရိကျင်းက တမင်သက်သက် သူ့စကားကိုနှေးကာ အသံကိုနူးညံ့စေလိုက်သည်။ တယောကြီးသံနဲ့တူတဲ့အသံက ရုတ်ခြည်းရေချိုးခန်းထဲမှာ ပျံ့နှံ့သွားပြီး ကျင်ရွှင်အားမင်သက်သွားစေသည်။ သူ့မျက်လုံးတွေက အခုလေးတင်သူ့အားနမ်းသွားတဲ့နှုတ်ခမ်းနောက် အလိုအလျောက်ပါသွားကာ တစ်ဖက်လူရဲ့အသက်ရှူသံတွေကြား ရင်းနှီးနေတဲ့တုနှိုင်းမဲ့အနံ့တစ်ခုကို ရလိုက်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now