Extra 2.2: လောင်ကုန်း/လောင်ကုန်း

7.9K 1.1K 65
                                    

//Zawgyi//

Extra 2.2: လောင်ကုန်း

_______________

မွှေးကြိုင်နေတဲ့ဟင်းလျာတွေက လူတွေကိုသွားရည်ကျအောင် အလိုအလျောက်လှုံ့ဆော်ပေးနေသည်။ ကျင်ရွှင်က စင်္ကြံတစ်လျှောက်ပြန်ပြေးလာကာ
“ရှဲန်းရှန်…ဒီဟင်းတွေ ခင်ဗျားချက်ထားတာလား”

ညနေခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ ဖြတ်သန်းတောက်ပလျက် နွေးထွေးတဲ့လိမ္မော်ရောင်အလင်းတို့ ဖြန့်ကြဲနေပြီး စားပွဲပေါ်ရှိဟင်းလျာတွေကို အလွန်နှစ်လိုဖွယ်ကောင်းစေသည်။

မီးဖိုချောင်ကောင်တာနဲ့ တစ်ဝက်ကွယ်ထားရင်း ကျင်ရွှင်ကသူ့ခေါင်းကိုအနည်းငယ်ပြလိုက်ပေမဲ့ ရှန်ရိကျင်းက သူလုပ်ထားတဲ့ကိတ်ကိုကိုင်ထားဆဲဖြစ်ကာ နေရာမှာတင်ငူငူကြီးဖြစ်နေတော့ ကျင်ရွှင်လမ်းတစ်လျှောက်ပြန်ပြေးသွားရပြန်သည်။

ဘေးဘက်ကနေ ရှန်ရိကျင်းရဲ့ခါးကို တင်းကျပ်စွာဖက်ထားပြီး သူ့ကိုယ်ပေါ်တက်လုနီးပါးဖြစ်နေရင်း ကျင်ရွှင်ကခေါင်းအနည်းငယ်မော့ကာ မျှော်လင့်တကြီးမေးလိုက်သည်
“ဘယ်လိုလဲ ကျွန်တော်ပေးတဲ့လက်ဆောင်ကို ခင်ဗျားကြိုက်ရဲ့လား”

ရှန်ရိကျင်း : “ရှောင်ရွှင် ဒါကိုမင်းလုပ်ထားတာလား”

“အွန်း” ကျင်ရွှင်ကခိုင်ခိုင်မာမာခေါင်းညိတ်ပြရင်း ရှန်ရိကျင်းရဲ့မျက်လွှာချထားသောမျက်လုံးတို့နောက်လိုက်သွားကာ ဖောက်ထွင်းမြင်ရတဲ့ပါကင်ဘူးကို သူတစ်ချက်ကြည့်လိုက်တော့…

……ဆိုးဝါးလိုက်တာ

သူဒါကိုလုပ်ပြီးခါစတုန်းက ဒီကိတ်နဲ့ပတ်သက်ပြီးအတော်ကျေနပ်နေခဲ့ပေမဲ့ အခုပြန်ကြည့်လိုက်တဲ့အချိန်…အရမ်းအကြမ်းထည်ဆန်လွန်းတယ်လို့ ခံစားမိတယ်!

ပုံသဏ္ဍာန်က မြင်သာရုံမျှပဲရှိတော့သည်။ ပြန်တဲ့လမ်းမှာ ကားဆောင့်တော့ သစ်သီးတွေကမလွဲဧကန်ပြုတ်ကျသွားပြီး ရလဒ်အနေနဲ့ မညီညာတဲ့မျက်နှာပြင်ကဖော်ပြခံလိုက်ရသည်…

ကျင်ရွှင်က ရှန်ရိကျင်းရဲ့အမြင်အာရုံကိုတားဆီးရန် မသိစိတ်အလျောက်လက်မြှောက်လိုက်မိသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now