Chapter 5✰Edited

11.3K 1.4K 25
                                    

Unicode

Chapter 5 : သူ့ကိုရှာတွေ့ပြီ

နေ့လည်ခင်းတစ်ရေးအိပ်ပြီးနောက် ကျင်ရွှင် ရုတ်ခြည်း အိမ်ကနေဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရလိုက်သည်။

ဖုန်းမျက်နှာပြင်ထက်ပေါ်နေတဲ့ "အမေ"ဆိုတဲ့စကားလုံးကို ကြည့်နေရင်း ကျင်ရွှင်မင်သက်နေမိ၏။ သူကအခုယန်ကျင်ရွှင်ဖြစ်နေပြီမှန်း သတိရဖို့အချိန်တော်တော်ယူလိုက်ရပြီးနောက် ဖုန်းကိုခပ်မြန်မြန်ကိုင်လိုက်သည်။

"...အမေ?" အနည်းငယ်တောင့်တင်းနေပေမဲ့ ကျင်ရွှင်ဖုန်းတော့ဖြေလိုက်ဆဲပင်။

အနည်းငယ်ဆူညံနေတဲ့နောက်ခံနဲ့အတူ ကျယ်လောင်တဲ့အမျိုးသမီးအသံတစ်ခုက သူ့ကို"အားရွှင်"လို့ ခေါ်လာသည်။ သူမ ဆေးရုံမှာရှိနေတာမှန်း ကျင်ရွှင်သိသွား၏။

မူလကိုယ်ရဲ့မွေးရင်းမိဘတွေက သူအတော်ငယ်ငယ်ကတည်းက ကွာရှင်းခဲ့ပြီး သူ့အမေက သူ့ကိုခေါ်သွားကာ နောက်အိမ်ထောင်ပြုခဲ့သည်။

ကံကောင်းချင်တော့ သူ့ပထွေးက လူရိုးကြီးတစ်ယောက်ပင်။ နောက်ပိုင်း သူ့ထံ ညီလေးတစ်ယောက်ရှိလာပေမဲ့လည်း မိသားစုက သဟဇာတဖြစ်စွာ နေထိုင်ခဲ့ကြပြီး မိသားစုနောက်ခံကလည်း အစက အဆင်ပြေတယ်လို့ယူဆလို့ရသည်။

ပြောင်းလဲမှုအားလုံးက သူ့ညီလေး သွေးကင်ဆာရှိမှန်းသိတဲ့အချိန်မှာ စတင်ခဲ့တာပင်။ သူ့ညီလေးကိုကုသဖို့အတွက် သူ့အမေနဲ့ပထွေးက မိသားစုရဲ့ပိုက်ဆံအားလုံးကိုသုံးခဲ့ရသည်။ တကယ်တမ်းတော့ မူလကိုယ်က သူ့ကိုယ်ပိုင်ကျူရှင်စရိတ်နဲ့ နေထိုင်စရိတ်အတွက်သာ ရှာရတာမဟုတ်ဘဲ တစ်ခါတရံ သူ့မိသားစုကိုလည်း ထောက်ပံ့ပေးခဲ့သည်။

သူ့အမေက အလွန်စိတ်ပင်ပန်းနေကာ ဖုန်းထဲကနေတဲ့တိုးပဲပြောလာသည် :
" သားညီလေးက ဆေးကုသဖို့အတွက် နောက်ထပ်ယွမ်တစ်သောင်းထပ်ပေးဖို့လိုတယ်။ အမေတို့ အတူတူ အချို့ကို ခြစ်ကုတ်ပြီးစုလိုက်ပေမဲ့ သုံးထောင်လောက်လိုနေတုန်းပဲ။ သားမှာ ပိုက်ဆံအပိုလေးဘာလေးနည်းနည်းပါးပါးရှိသေးလားဟင်?"

"ရှိပါတယ်" ကျင်ရွှင်က ပြတ်ပြတ်သားသားပြန်ဖြေလိုက်ကာ မူလကိုယ်ရဲ့ အွန်လိုင်းဘဏ်အကောင့်ကို စစ်ကြည့်လိုက်သည်။ အကောင့်ထဲမှာ ယွမ်4000ကျော်ကျန်သေး၏။ မူလကိုယ်က ခြိုးခြံချွေတာကာ သူ့ညီလေးအတွက် ပိုက်ဆံကို အထူးတလည်စုဆောင်းထားခဲ့တာဖြစ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now