Chapter 45

14.8K 2.5K 123
                                    

//Zawgyi//

လေယာဉ်တံခါးကနေ ထွက်ခွာပြီးနောက် ကျင်ရွှင်က ရှန်ရိကျင်း သူ့ကိုချီတာစောင့်မနေဘဲ သူ့ခြေထောက်တွေထုံနေတာကို ရှန်ရိကျင်းအားစပြောလိုက်သည်။
“ရှဲန်းရှန် ကျွန်တော့်ဘာသာလျှောက်နိုင်ပါတယ်” သူကရှန်ရိကျင်းကိုပြန်ကြည့်ကာ သနားစရာကောင်းစွာဖြင့်ပြောလိုက်သည်။

ရှန်ရိကျင်းကလည်း မငြင်းဆန်ပေ။ သူ့လက်ဖဝါးတွေက လူငယ်လေးရဲ့ကျောပြင်ကိုထိကာ ခါးသွယ်သွယ်ကိုပွတ်သပ်ပေးလိုက်ရင်း
“ကောင်းပြီ”

အဲ့ဒါပြီးနောက် ကျင်ရွှင်ကိုကူညီပေးကာ လှေကားကနေတူတူဆင်းလိုက်သည်။

လေယာဉ်ပေါ်မတက်ခင်ကတည်းက ကျင်ရွှင်က ဒါကိုသဘောပေါက်သွားသည်။ ဒီနေ့ ရှန်ရိကျင်းက သူ့ဒဏ်ရာနဲ့စပ်လျဉ်းပြီးတော့ မနေ့ကလောက် အာရုံမများတော့ပေ။ သူက သူသွားတဲ့နေရာတိုင်း သူ့ကိုမချီတော့ပေ။ ရှဲန်းရှန်က လှေကားကနေဆင်းတက်တဲ့အခါတွေမှာသာ နောက်တစ်ခါထပ်ချော်လဲမှာစိုးလို့ သူ့ဘာသာပေးမသွားတာပင်ဖြစ်သည်။

…စကားပုံဟောင်းတစ်ခုလည်းရှိတယ်လေ : *တစ်ခါအကိုက်ခံရပြီး နှစ်ခါရှက်ပါ

[*မြွေတစ်ခါအကိုက်ခံရဖူးတဲ့သူက နောက်ဆယ်နှစ်လောက်အထိ ကြိုးခွေကိုမြင်ရင်လန့်နေလိမ့်မယ်။ မင်းကိုထိခိုက်စေဖူးတာကြောင့် သဏ္ဍာန်တူအရာတွေ၊ဖြစ်ရပ်တွေကို ကြောက်လန့်ခြင်း]

အခု သူ့ကောင်လေးချော်လဲသွားတာကို မျက်မြင်ကိုယ်တွေ့,တွေ့ခဲ့ရတော့ ဥက္ကဋ္ဌရှန်က လူငယ်လေးဘာသာလှေကားဆင်းတက်တာကို လန့်နေသည်။

         ……

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရှဲန်းရှန်ကို ခံစားရသက်သာအောင်လုပ်နိုင်သရွေ့ ကျင်ရွှင်ကငြင်းဆန်မှာမဟုတ်ပေ။

သူလှေကားဆင်းတာအား ရှန်ရိကျင်းကူညီပေးတာကို မငြင်းဆန်ရုံမကဘဲ ရှန်ရိကျင်းက သူ့ခါးကိုဖက်ထားချိန် သူကလည်းအစပြုကာ တစ်ဖက်လူခါးကို ဝန်းရံထားလိုက်သည်။

ဒီနည်းနဲ့ဆို အချင်းချင်းအပြန်အလှန်ထောက်ပံ့ပေးမှုကို ခံစားရသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now