Chapter 83

9.8K 1.6K 83
                                    

//Zawgyi//

Chapter 83 : အမှောင်ဖုံးလို့ စိတ်မည်းညစ်သွားတော့မည်မဟုတ်

__________________

စီနီယာနဲ့စကားပြောပြီးနောက် ကျင်ရွှင်က ရုံးခန်းဆီတန်းတန်းမတ်မတ်ပြန်သွားလိုက်၏။

သူက ရှန်ရိကျင်းနဲ့ ရုံးခန်းတူတူမျှဝေသုံးနေဆဲဆိုပေမဲ့ ဓာတ်ခွဲခန်းအသစ်ရပြီးနောက် ကျင်ရွှင်ကအခြေခံအားဖြင့် ထိုနေရာတွင်သာ အလုပ်လုပ်တတ်သည်။ ရှန်ရိကျင်းက သူ့ကိုတွေ့ချင်တဲ့အချိန်မှသာလျှင် သူရုံးခန်းကိုပြန်လာတတ်သည်။

ဒါမှမဟုတ် သူရှန်ရိကျင်းကို တွေ့ချင်တဲ့အချိန်မှာပေါ့

သူရုံးခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ ရှန်ရိကျင်းက သူ့စားပွဲခုံနောက်မှာ ထိုင်ကာ ဖုန်းပြောနေ၏။ ကျင်ရွှင်က တစ်ဖက်လူကိုမနှောင့်ယှက်ချင်တာကြောင့် တိတ်တိတ်လေး ဝင်သွားလိုက်သည်။

သူ့စားပွဲခုံမှာထိုင်ကာ ကုမ္ပဏီကထောက်ပံ့ပေးထားတဲ့ကွန်ပျူတာကို ဖွင့်လိုက်သည်။

ကျင်ရွှင်က မော်နီတာကိုလည်းကြည့်နေစဉ် ရံဖန်ရံခါရှန်ရိကျင်းဘက်ကိုလည်း ချောင်းကြည့်နေတတ်၏။

နောက်ဆုံးမှာတော့ ရှန်ရိကျင်းကဖုန်းချလိုက်သည်။

ကျင်ရွှင်က သူ့အမြင်ကိုပြန်မရုတ်နိုင်သေးခင်မှာပဲ တစ်ဖက်လူက မတ်တပ်ရပ်ကာ သူ့ဆီလျှောက်လာတာအား မြင်လိုက်ရသည်။

“ဘာဖြစ်လို့လဲ” ခုံနှစ်ခုံကြားအကွာအဝေးက သိပ်မဝေးတာမို့ ရှန်ရိကျင်းရဲ့ခြေတံရှည်တွေက ခြေလှမ်းနှစ်လှမ်းလောက်နဲ့ အလွယ်တကူသူ့ဆီရောက်လာနိုင်သည်။

နီးကပ်တဲ့အကွာအဝေးကနေ အကြည့်ခံလိုက်ရတဲ့ကျင်ရွှင်က ခေါင်းကိုအနည်းငယ်ငုံ့ကာ သူ့မျက်လုံးတွေကို အတန်ငယ်ကို့ရိုးကားရား ရွေ့လိုက်မိ၏။ ရှန်ရိကျင်းရဲ့အသက်ရှူသံက သူ့နားရွက်နားရောက်လာတာမို့ သူ့နားရွက်တွေရုတ်တရက်နီမြန်းသွားရသည်။

“မင်းဘာတွေကြည့်နေတာလဲ”

ကျင်ရွှင် : “…ကြည့်နေတာက…ရှဲန်းရှန်က အရမ်းချောတာပဲ”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now