Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ

10.1K 1.4K 5
                                    

//Zawgyi//


_________________

[ကျင်ရွှင် : ရှဲန်းရှန်? ခင်ဗျားအစည်းအဝေးမှာလား? ကျွန်တော်ကျောင်းရောက်သွားပြီ]

[ရှဲန်းရှန် : အင်း ဂရုစိုက်အုံး]

နှစ်ဝက်ကြာပြီးနောက်မှာ ကျင်ရွှင်ရဲ့သုတေသနရှာဖွေမှုက ထိုးဖောက်တိုးတက်လာရုံသာမက ရိဝေ့နည်းပညာတောင်မှ နောက်ဆုံးတော့ ဈေးကွက်မှာစာရင်းဝင်နိုင်ခဲ့၏ နှစ်ဝက်ကျော်အချိန်အတွက် အားလုံးရဲ့အားစိုက်ထုတ်မှုတွေကို ကျေးဇူးတင်ရမှာပဲ။

ဒီအချိန်မှာ ပြည်တွင်းစာရင်းဝင်ကုမ္ပဏီတွေသိပ်မရှိဘဲ သူတို့ထဲကအလွန်အနည်းငယ်သာလျှင် စံသတ်မှတ်ချက်ကိုရောက်ရှိနိုင်သည်။

ဒါ့အပြင် ရိဝေ့က သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေခဲ့ပြီးပြီ။ ထိုစာရင်းဝင်တယ်ဆိုတာက နိုင်ငံဟာ သိပ္ပံနည်းပညာခေတ်သစ်တစ်ခုကို ခြေလှမ်းဝင်ရောက်သွားပြီလို့ ဆိုလိုတာပဲ။ အဲ့ဒါကြောင့် လွန်ခဲ့တဲ့နှစ်ရက်မှာ မီဒီယာပေါ်မှာ ရိဝေ့ရဲ့စာရင်းဝင် အခါသမကြီးကပဲ ပြည့်လျှံစွာဖုံးလွှမ်းနေလျက်ရှိသည်။

ငွေရေးကြေးရေး စတော့တွေကို ပုံမှန်အားဖြင့် သိပ်အာရုံစိုက်လေ့မရှိသလို နည်းပညာအကြောင်းလည်း မသိကြတဲ့အများပြည်သူတွေတောင်မှ နည်းပညာကုမ္ပဏီတစ်ခုဟာ လွန်ခဲ့တဲ့နှစ်ရက်အတွင်း စာရင်းဝင်သွားကြောင်း သတိထားမိကြသည်။

စတော့ဈေးကွက်မှာ နှစ်များစွာကျင်လည်နေကြတဲ့ ရှယ်ယာရှင်တွေနဲ့ ကုမ္ပဏီတွေကို ထည့်မပြောနဲ့ဦး

သာမန်လူတွေကတော့ ဒီအရာရဲ့ဆိုလိုရင်းကို တိတိကျကျသိမှာမဟုတ်။ သို့ပေမဲ့ နိုင်ငံအမျိုးမျိုးရဲ့ တရားဝင်သတင်းမီဒီယာဌာနတွေမှ အကြိတ်အနယ် ဝါဒဖြန့်တင်ပြချက်တွေကနေ ဒီကုမ္ပဏီဟာကျော်ကြားတယ်လို့ ဘယ်သူမဆို ခံစားနိုင်သည် အရမ်းကိုနာမည်ကြီးတာ!

ပြီးတော့ ထိုအသစ်စက်စက် စာရင်းဝင်သွားတဲ့နည်းပညာကုမ္ပဏီရဲ့CEOအနေနဲ့ ရှန်ရိကျင်းရဲ့အချက်အလက်တွေကို ထပ်ပြီးမဖုံးကွယ်ထားနိုင်တော့ပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now