Chapter 36

14.7K 2.8K 170
                                    

//Zawgyi//

ကျင်ရွှင်က ဘီယာတစ်ခွက်သောက်ပြီးချိန် ဘာမှအထွေအထူးမခံစားရဘဲ အနည်းငယ်ပူလာသည်။

နောက်ပိုင်း သူကဘာဘီကျူးတစ်ချို့စားကာ ဘီယာအချို့သောက်လိုက်သည်။ ကျင်ရွှင်က အဆင်ပြေတယ်ခံစားရပြီး အများကြီးမသောက်ခဲ့ပေ။

အဲ့နောက် သူ့ဖုန်းမြည်လာသည်။

ညခင်းမှာ ဈေးဝယ်သူတွေများကာ lobbyကအရမ်းဆူညံတာကြောင့် ကျင်ရွှင်ကဖုန်းဖြေဖို့အပြင်ထွက်သွားလိုက်သည်။

ဖုန်းကိုင်ပြီးနောက် ဆန်ကုန်မြေလေးgongရဲ့အသံက ထွက်ပေါ်လာသည်။

"စီနီယာ..."

"......"

ကျင်ရွှင်က တစ်ဖက်လူဘယ်ကနေဘယ်လိုရလာမှန်းမသိတဲ့ မရင်းနှီးတဲ့နံပါတ်ကိုကြည့်ကာ သူ့ဖုန်းနံပါတ်ကိုပြောင်းရင်ကောင်းမလားဆိုပြီး သေချာတွေးဆလိုက်သည်။

ရှန်ပေါ်ဟန်က ကျင်ရွှင်ကစကားပြန်ပြောတာကို မစောင့်နိုင်ဘဲ ဖုန်းချတာကိုကာကွယ်ရန်အတွက် ဒီတစ်ကြိမ်မှာ ပိုပြီးမြန်မြန်ပြောလာသည်။

"ငါကြားတာတော့ မနေ့ကကိစ္စက ဟူရှောင်ဖုန်းကြောင့်ဆို?...စီနီယာ မင်းငါ့ကိုယုံရမယ်နော် သူကအဲ့လိုလူမှန်းငါတကယ်မသိခဲ့တာပါ သူ့မှာအဲ့လိုအကျင့်မျိုးရှိလိမ့်မယ်လို့ ငါမထင်ထားဘူး..."

ရှန်ပေါ်ဟန်ရဲ့အသံက ဒီတစ်ခေါက်မှာ အနည်းငယ်အက်ရှနေကာ သံသယဝင်စရာမလိုအောင်ကို စိတ်လှုပ်ရှားနေပုံပင်။

ဒါပေမယ့် ကျင်ရွှင်ကတော့ အဲ့ဒါကိုကြားတဲ့အချိန် ဆူညံတာနဲ့ စိတ်တိုတာကိုသာ ခံစားရသည်။

စိတ်တိုတာရှားပြီး အမြဲအပြုအမူကောင်းတဲ့ကျင်ရွှင်က ပြောလိုက်သည် : " ငါ့ကိုထပ်မခေါ်နဲ့တော့ ငါ့မှာကောင်လေးရှိနေပြီ"

ဒီစကားပြောပြီးနောက် မလုံလောက်သေးဘူးဟုခံစားရကာ ထပ်ပြောလိုက်သည် : " ငါ့ကောင်လေးက မင်းငါ့ကိုဒီလိုမျိုးထပ်တလဲလဲနှောင့်ယှက်နေတာကိုသိရင် သူ...သူဒေါသထွက်လိမ့်မယ်"

သူဒေါသထွက်သင့်တယ်လေ။

အရမ်း...အရမ်း...အရမ်းကိုဒေါသထွက်ပြီး...မင်းရဲ့နောက်လိုက်လေးကိုတောင် ဖျက်ဆီးလိမ့်မယ်...

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now