Chapter 24

16.9K 2.4K 38
                                    

//Zawgyi//

လက်ထောက်ရှောင်ထန်းက သူလုပ်စရာရှိသေးတယ်လို့ပြောကာ အလျင်အမြန်ပင်ထွက်ခွာသွားသည်။

ကျင်ရွှင်က စိတ်အားထက်သန်စွာဖြင့် သူ့ကိုဓာတ်လှေကားဆီပင် လိုက်ပို့လိုက်သေး၏။

တစ်ဖက်လူထွက်သွားပြီးနောက် သူအနောက်ကိုပြန်လှည့်ချိန် ရှန်ရိကျင်းကလဲ သူ့နောက်လိုက်လာကာ အနောက်ဘက်မှာမတ်တပ်ရပ်နေမှန်း တွေ့သွားသည်။

ကျင်ရွှင်က သူ့ခေါင်းကိုအနည်းငယ်စောင်းကာ : "Mr?"

ရှန်ရိကျင်းဘာလို့ထွက်လာမှန်း သူနားမလည်ဘူး။

ဒါပေမယ့် ရှန်ရိကျင်းက သူ့ကိုမရှင်းပြခဲ့ပေ။ ရှောင်ထန်းထွက်သွားပြီဆိုတာကိုမြင်တော့ သူက သူတို့အိမ်ဘက်ကိုပြန်လှည့်သွားပြီး ကျင်ရွှင်ကိုမေးလာသည်
" ရှောင်ရွှင်ဘာစားချင်လဲ? အဓိကဟင်းလျာအတွက်ကတော့ ကိုယ်စတိတ်ခ် ဒါမှမဟုတ်ဝက်နံရိုးလုပ်လို့ရတယ်"

ကျင်ရွှင်စားချင်နေတဲ့အရာတွေက အများကြီးပင်။

သူတို့အိမ်ကိုပြန်ရောက်တော့ သူကရှောင်ထန်းဝယ်ခဲ့တဲ့အသီးအရွက်တွေနဲ့ အသားတွေကိုကြည့်ကာ ပြောလိုက်သည်
"ဒါဆို နံရိုးနဲ့စွပ်ပြုတ်လုပ်ပေးလေ?"

"အိုကေ" အဲ့တာကိုပြောပြီးနောက် ရှန်ရိကျင်းက အမှန်တကယ်ကို အေပရွန်ဝတ်ကာ မီးဖိုချောင်ထဲဝင်သွားသည်။

Mr.ဗီလိန်ရဲ့လူနေမှုဘဝကို ဒီလောက်အတွင်းကျကျ သူမြင်နိုင်လိမ့်မယ်လို့ ကျင်ရွှင်တစ်ခါမှစိတ်မကူးဖူးပေ။

ရှန်ရိကျင်းလိုလူက အေပရွန်ဝတ်ထားတာတောင်မှ ကျိန်းသေပေါက်ကို ကြီးစိုးခြယ်လှယ်ပုံပေါက်သေးသည်။ အဆုံးမှာတော့ သူရဲ့တည်ကြည်ခန့်ညားတဲ့မျက်နှာမှာ ဘာအမူအရာမှမရှိနေဆဲပင်။ သူ့ကြည့်ရတာအရမ်းအလေးအနက်ထားနေပုံပေါ်သည်။

သို့သော်ငြား အိမ်နေရင်းအဝတ်အစားတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့လေထုအခြေအနေက သံသယရှိစရာမလိုအောင်ပင် သူ့အားနူးညံ့တဲ့အလင်းတစ်လွှာကို ပေးအပ်ကာ ကမ္ဘာပေါ်က အားအကြီးအဆုံးနဲ့ အနွေးထွေးဆုံးအရာက အတူတကွပေါင်းစပ်ထားသလိုပင်။ အေးစက်တဲ့ဓားသွားက ဖုံးကွယ်ခံထားရပေမယ့် မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့Mr.က အထင်ကြီးဖွယ်ကောင်းနေဆဲဖြစ်ကာ လူတွေကို သူ့ဆီကနေမျက်စိမလွှဲနိုင်အောင် ပြုလုပ်နေသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now