Chapter 32

16.9K 2.7K 133
                                    

//Zawgyi//

“ရှောင်ရွှင်”

လူငယ်လေးရဲ့အမူအရာကိုကြည့်ကာ ရှန်ရိကျင်းက yes or no မပြောဘဲ သူ့ကိုပြန်မေးလိုက်သည်:
“တစ်ခုခုဖြစ်လို့လား?”

“ မဖြစ်ပါဘူး မဖြစ်ဘူး” ကျင်ရွှင်က အလျင်အမြန်ဖြေလိုက်သည်။

ဘာမှမထွေအထူးမရှိပါဘူး ဒီတိုင်း…သစ်အယ်သီးမုန့်ဘူးလက်ခံရရုံလေးပါ။

ရှန်ရိကျင်း : “မင်းကိုယ့်ကိုအရာအားလုံးပြောပြလို့ရမယ်နော် မင်းသိရဲ့လား?”

နက်ရှိုင်းတဲ့အသံက ရုတ်ခြည်းပျံ့နှံ့လာကာ ရှန်ရိကျင်းက သူ့ကိုသိမ်မွေ့နက်နဲတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်လာသည်။ အကြည့်တစ်ချက်နဲ့တင် သူကအရာအားလုံးကိုဖောက်ထွင်းအမြင်ခံလိုက်ရသလို ကျင်ရွှင်ခံစားရသည်။ သူက တစ်ဖက်လူရဲ့အကြည့်ကိုရှောင်ကာ နူးညံ့စွာတီးတိုးပြောလိုက်သည် : “…တကယ်ကို ဘာမှမရှိပါဘူး”

“အိုကေ”

ရှန်ရိကျင်းက ထပ်မမေးတော့ပေ။

သူ့ဒူးခေါင်းပေါ်က လက်ချောင်းတွေကို ခပ်ဖွဖွပုတ်နေရင်း ရိုးရှင်းစွာပြောလာသည် : “ တတ်နိုင်သလောက် ကိုယ်မြန်မြန်စီစဉ်လိုက်မယ်”

တစ်ဖက်လူက သံသယမဖြစ်ဘူးဆိုတာကိုမြင်တော့ ကျင်ရွှင်ကမနေနိုင်ဘဲ တောက်ပတဲ့အပြုံးလေးတစ်ပွင့်ဖြစ်တည်လာသည်။ ရှေ့ခန်းမှာကားမောင်းနေတဲ့ဒရိုင်ဘာဦးလေးကြီးကို လျစ်လျူရှုကာ ရှန်ရိကျင်းရဲ့လက်မောင်းကိုဖက်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်
“ရှဲန်းရှန် ဒီမှာရှိနေတာကအရမ်းကိုကောင်းတာပဲဗျာ”

သူပြောလိုက်တာက အမှန်ပင်။

တကယ်လို့သာ ဆန်ကုန်မြေလေးgongက လက်မလျော့ဘဲ သူကလည်းရှန်ရိကျင်းနဲ့မတွေ့ဆုံခဲ့ရင် ဘာတွေဖြစ်ပျက်လာမယ်ဆိုတာကို သူတကယ်မသိပေ။

အခုလိုမျိုး ပေါ့ပေါ့ပါးပါး စိတ်အေးလက်အေးဖြစ်နေမှာမဟုတ်ဘူးဆိုတာကိုတော့ ကျင်ရွှင်သိသည်။

ကံကောင်းစွာနဲ့ ရှဲန်းရှန်က ဒီနေရာမှာရှိနေခဲ့တယ်။

တကယ်လို့ကားထဲမှာ အခြားတစ်ယောက်သာရှိမနေဘူးဆိုရင် သူက တစ်ဖက်လူပေါ်မှီကာ သူ့ခေါင်းနဲ့ပွတ်သပ်နေမိမှာဖြစ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now