Chapter 8✰Edited

11.1K 1.3K 43
                                    

Unicode

Chapter 8 : ကိုယ်မင်းကိုလိုအပ်တယ်

“ အတန်းဖော် မင်းရဲ့ကော်ဖီ”

“ ကျေးဇူးပါ ”

ကျောင်းနားရှိ ကဖေးက ညနေခင်းမှာ လူအရမ်းများတတ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျင်ရွှင် တံခါးကနေ ဝင်လိုက်တဲ့အချိန် အရင်စားသုံးသူက ခုလေးတင်ထသွားလို့ ပြတင်းပေါက်နားမှာ လွတ်သွားတဲ့စားပွဲတစ်ခုကို မြင်လိုက်ရသည်။

သူ့ခေါင်းထက်မှ ခေတ်ဟောင်းစတိုင်လ်မီးဆိုင်းဟာ သိမ်မွေ့နွေးထွေးတဲ့ အလင်းတစ်လွှာကို ထုတ်လွှတ်ပေးနေလျက်။ ကျယ်ဝန်းပြီး ရှင်းသန့်တဲ့ပြတင်းပေါက်ဘေးမှာ ထိုင်နေရင်း ကျင်ရွှင် ကြွေခွက်ကိုကောက်ကိုင်လို့ ကော်ဖီတစ်ငုံသောက်လိုက်သည်။

စွဲမက်ဖွယ်အနံ့နဲ့ cappuccinoရဲ့ရနံ့လေးဟာ သူ့ပါးစပ်နဲ့ နှာခေါင်းဆီ လှိုင်တက်လာတာက အရသာရှိတဲ့စားသောက်ဖွယ်ရာတစ်ခုလိုပင်၊ ကျင်ရွှင့်နှုတ်ခမ်းထောင့်လေးကို မသိစိတ်အလျောက် မြင့်တက်သွားစေ၏။

သူက နှလုံး အားမကောင်းခဲ့တာမို့ ကော်ဖီသောက်ဖို့ခွင့်မပြုလေတဲ့အတွက် အရင်ကသူဒါကိုတစ်ခါမှမသောက်ဖူးပေ။

အခု နောက်ဆုံးတော့ သူဒါကိုသောက်နိုင်ခဲ့ပြီ။ အရသာက မခါးဘဲ ပြိုင်ဘက်ကင်းတဲ့ရနံ့ကိုသာလျှင် သူခံစားရ၏။

ကျင်ရွှင်က နောက်တစ်ငုံသောက်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ ဆက်လက်၍အပြုံးတစ်ခုဖြစ်တည်နေကာ သူ့မျက်ခုံးလေးတွေက အနည်းငယ်ပင့်တက်နေပြီး နွေးထွေးတဲ့သူ့မျက်ဝန်းလေးတွေက ကြည်လင်နေလျက်ပင်။

သူ့မှာ အမြဲတမ်း အခြားသူတွေကို ကူးစက်နိုင်တဲ့စွမ်းအားရှိပုံပေါ်သည်။ အဲ့အချိန်မှာ သူ့ရဲ့အားရကျေနပ်နေပုံလေးက ကော်ဖီလာပို့ပေးတဲ့ ဆိုင်ရှင်ကို စိတ်ကျေနပ်ဂုဏ်ယူစေမိသည်။

ကောင်တာရဲ့နောက်မှ လှပတဲ့ဆိုင်ရှင်ငယ်လေးက ကျင်ရွှင့်စားပွဲဆီကို ကွတ်ကီးတွေလာပို့ပေး၏။

“ ကျောင်းသားလေး၊ ဒါက ခုလေးတင်ဖုတ်လာတဲ့ မီနူးအသစ်။ အစ်မ မင်းကိုပေးမြည်းမယ်”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now